Tuesday, July 3, 2012

မြန်မာပြည် ကျူရှင်ဖက်ရှင်




မြန်မာနိုင်ငံပညာရေး နဲ့ ပတ်သက်ပြီးအထူးသဖြင့် တက္ကသိုလ် ၀င်တန်းတွင် ဒီများများပါကြသော ကလေးများရှိသည့်နံမည်ကြီး ကျောင်းကြီးများ၏ တကယ် အမှန် လက်တွေ့ အဖြစ်အပျက်များကို ဝေဖန်ရပါမူ-
အလယ်တန်း ကလေး တစ်ယောက် ဟာ သချာင်္။ နှင့် အင်္ဂလိပ်စာ ကို အပြင်မှာ နံမည် ကြီးပြီး အမှန်တကယ်စာသင်ကောင်းတဲ့အစိုးရ ကျောင်းမှ မဟုတ်တဲ့ အပြင် ကျုရှင် မှာ
ကျုရှင်ယူရပါတယ်။ ယူလည်း ယူသင့်ပါတယ်။ တစ်ဘာသာ ကို နှစ်သောင်း နဲ့ သုံးသောင်း ခန့်ပေးရပါတယ်။
ဒီလို အပြင် ကျုရှင် သင်မှလဲ မိမိ ကလေးက သချာင်္ဘာသာ နဲ့ အင်္ဂလိပ်စာ ဘာသာ မှာ
အခက်အခဲ မရှိဘဲ လွယ်ကူစွာ စာလိုက် နိုင်။ မှတ်မိနိုင် မှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုရင် အများအားဖြင့် အစိုးရ ကျောင်း တွေ တော်တော်များများ မှာ
သချာင်္ နဲ့ အင်္ဂလိပ်စာ သင်တဲ့ ဆရာဆရာမ တွေ ဟာ စာသင် မကောင်းကြပါဘူး။
ကျောင်းသား တွေ ကို ထင်းကနဲရှင်းလင်း သွားအောင် သင်ပေးနိုင်တဲ့
သင်ကြားမှု စွမ်းရည် လုံးဝ နီးပါး မရှိကြပါဘူး။ ရှိတဲ့သူ အလွန်နည်းပါး ပါတယ်။
ဒီ့အတွက် ပြင်ပ မှ နံမည်ကြီး ဆရာတွေ မှာ အနည်းဆုံး သချာင်္ နှင့် အင်္ဂလိပ်စာအပြင်ကျုရှင်ကို မိမိကလေး စာလိုက်နိုင် နားလည်လွယ်အောင် မဖြစ်မနေယူရသလို ၊ယူသင့်ပါတယ်။
အစိုးရ ကျောင်းမှ ကလေးမိဘတွေ အနေနဲ့ မိမိ ကလေးကို အင်္ဂလိပ်စာ မှာ
သူများထက် ပိုမို ထူးချွန်တတ်မြောက် ကျွမ်းကျင် စေချင်တယ်ဆိုရင် မိမိအိမ်မှာ နောက်ထပ် ပိုတော် ပိုကောင်းတဲ့အင်္ဂလိပ်စာ ကျုရှင်ဆရာ တစ်ယောက် ထပ်ခေါ်ပြီးကျောင်း မှ TEXT BOOK / syllabus နဲ့မဆိုင်တဲ့ (Myanmar Book Center / Popular Book Shop ) တွေမှာ ရောင်းတဲ့စာအုပ်တွေ ထဲက မိမိကလေး အသက်။ညဏ်ရည် ။လိုက်နိုင်မှု စွမ်းအားအလိုက်အကောင်းဆုံးဖြစ်မဲ့ ပြင်ပ အင်္ဂလိပ်စာ လေ့ကျင့်မှု စာအုပ် တွေ ၀ယ်ပြီးအင်္ဂလိပ်စာကျုရှင် Double ထပ် သင်ပေးရပါတယ်။
One By One အိမ်ခေါ် သင်တဲ့အတွက် အနည်းဆုံး ၆ သောင်း - ၈ သောင်းခန့် ပေးရပြီး
အများအားဖြင့် စာသင်ချိန် တစ်နေ့ ၂ နာရီခန့် ။တစ်ပတ်၃ ရက် သင်ပေး ကြပါတယ်။

အချို့ မိဘ တွေကတော့ BC မှာ မိမိ တို့ကလေးတွေကို အင်္ဂလိပ်စာ ထပ်သင် ထားလေ့ရှ်ိကြပါတယ်။

အစိုးရ ကျောင်းမှ ဆရာများပေးသော ကျုရှင် များ မှာ ဘာသာစုံ ဖြစ်ပါ၍
တစ်လ လျှင် ကျုရှင်လခ ၄ သောင်းကျော် ရှိပြီး ကျောင်းသား ၃၀ ယောက် အနည်းဆုံးရှိပါတယ်။။
ထို့ အပြင် ကျောင်းသားတစ်ဦးချင်းစီ အလိုက် ကျုရှင် အခန်းငှားရမ်းခ ၅ ထောင်ခန့် အပို ထပ်ဆောင်းပေးရပြန်ပါသေးတယ်။

သို့ဖြစ်ပါ၍ အစိုးရ ကျောင်းတက်နေသော အလယ်တန်းကလေးတစ်ယောက် စာတော်စေရန်၊ ကျွမ်းကျင်တတ်မြောက်စေရန် အလို့ငှာမိဘ များမှာ အနည်းဆုံး ကျုရှင် ( ၃ ) မျိုး ထားရပါမည်။

(၁) သင်္ချာ ( တစ်ပတ် ၃ ရက်။စာသင်ချိန် တစ်ရက် ၂ နာရီ )။ ( တစ်လ ၃ သောင်းခန့်)
(၂) School Text -Bookအင်္ဂလိပ်စာ ( တစ်ပတ်၃ ရက်။စာသင်ချိန် တစ်ရက် ၂ နာရီ )။( တစ်လ၃ သောင်းခန့်)
(၃)။ပြင်ပအခြားဗဟုသုတ နှင့် အခြား အင်္ဂလိပ်စာအုပ်ကောင်းများ သင်သောOne By One home ကျုရှင် သို့ မဟုတ် British Council English ( တစ်ပတ် ၃ ရက်။ စာသင်ချိန် တစ်ရက် ၂ နာရီ။ ) (တစ်လ တစ်သိန်းခန့်)။

အနည်းဆုံး ၁ သိန်းခွဲ နီးပါးခန့် ကုန်ကျစရိတ်ရှိပါသည်။
( ကျောင်း။ကျုရှင် အပို့ အကြို များ မပါသေးပါ။ ကျောင်းကျုရှင်လခ မပါသေးပါ။ )

ဒီ့အပြင် အစိုးရ ကျောင်းမှ ကျောင်းကျုရှင်ထပ်ယူပါမူ
အချိန် = တစ်ပတ် ၄ ရက်။။ စာသင်ချိန် တစ်ရက် ၄ နာရီ။ လခ- တစ်လ ၅ သောင်းနီးပါးကုန်ကျစရိတ် ရှိမည့် အပြင် အဆိုပါကလေးများ အားလပ်ချိန်၊နားချိန်၊ ကစားချိန်၊တီဗီကြည့်ချိန်၊စာကျက်ချိန် ပင် မရှိတော့ပါ။

အစိုးရ ကျောင်းမှ ဆရာများမှာလည်း ၎င်း တို့ရသော လခများ မလောက်ငှ ကြပါသဖြင့်
အပြင် အချိန်ပို ကလေးများကို စာသင်ကျုရှင်ပေးပြီး ၀င်ငွေ တစ်ဘက်တစ်လမ်းရှာရသည်မှာ
အပြစ်မြင်၍ မရပါ။
( အဘယ့်ကြောင့် ဆိုသော်ဆရာမ တစ်ယောက်၏ လစာ သည် နိုင်ငံခြားကုမဏီ ၊ TAXI ကားမောင်းသော ဒရိုင်ဘာလစာ ထက်ပင် နည်းနေပါသေးသည်။ )

အစိုးရကျောင်းမှ ဆရာများပေးသော ကျောင်းကျုရှင် များတွင် အားသာချက်များစွာ ရှိပါသည်။

( က)။( မြန်မာစာ။သမိုင်း စသော ကျက်စာ ဘာသာများ ) ကို ကြိုတင် သင်ကြားပေးထားပါသည်။

(ခ)။ ကျက်စာဘာသာများကို မေးခွန်း။အဖြေ အတွဲ လိုက်စီ ကျုရှင် တက်သော ကျောင်းသားများ စာကျက်ရလွယ်ကူစေရန် ကွန်ပြူတာစာစီ စာရိုက်ပေးထားပါသည်။
( ပုံမှန် အစိုးရ ကျောင်းစာသင်ခန်းတွင်မူ ဆရာမ မှ white board တွေ မေးခွန်းများရေးပေးခြင်း ၊နှုတ်ဖြင့် ခေါ်ပေးခြင်း များသာ ပြုလုပ်ပြီး ။အဖြေများကို ဖတ်စာ အုပ် မှာ ကွင်းအမှတ်အသားဖြင့် လိုက်မှတ်ရေးခြစ်စေပါသည်။
နံပါတ်(၁) မေးခွန်း အတွက် အဖြေ။ နံပါတ်(၂) မေးခွန်း အတွက် အဖြေ စသဖြင့် ခြစ်မှတ်
ပြီးမှ မိမိ ကိုယ်တိုင် ဗလာစာအုပ် တွင် ပြန်လည် ကူးယူ ရေးသားရပါသည်။ စာလိုက်ရေးသော ကလေး၊ စာမှန်မှန် လုပ်ချင်သော ကလေးများ အတွက် အခက်အခဲ မရှိသော်လဲ။
စာမှန်မှန် မရေးသော ကလေးများ သည် ကျောင်းကျုရှင်သင်မှ သာလျှင် အဆင်သင့် စာစီ စာရိုက်ပြီးသားကျက်စာဘာသာများအတွက် ကွက်လပ်ဖြည့်ခြင်း၊ အမေးအဖြေ စာပုဒ်များ ကို လွယ်ကူစွာ ကျက်နိုင်ပါသည်။ )

( ဂ) ။ ( ပထ၀ီ၊သိပံ ) စသော ပုံဆွဲ ပညာများပါသည့် ဘာသာများကို အမှတ်ပေးစည်းမျဉ်း နှင့် ကိုက်ညီ စွာစိတ်ရှည်ရှည် သင်ကြားပေးလေ့ရှိပါသည်။

(ဃ )။ လပတ် စာမေးပွဲ များ နီးသော အချိန်များတွင် တစ်ခါတစ်ရံ Hot Spot / ကျောင်းတွင် မသင်ထားသော ညဏ်စမ်း မေးခွန်းများ သင်ကြားပေးတတ်ပါသည်။


( ညဏ်ရည်တူ၊စာကျက်အားတူ ) ကျောင်းသားခြင်းအတူတူ ဖြစ်စေကာမူအစိုးရကျောင်း မှ ကျုရှင်ကျောင်း မတက်သော ကလေးများသည် ကျုရှင်တက်သောကလေးနှင့်ယှဉ်သော အတန်းထဲ တွင်one to five ၀င်ဖို့ မသေချာနိုင်ပါ။ six ဖြစ်သွား နိုင်သည်။

စာမေးပွဲ များတွင်အင်္ဂလိပ်စာ ။သချာင်္ တွင် မည်မျှပင် အမှတ်ပြည့်။အမှတ်တူညီစွာ ရစေကာမူ

ကျောင်းကျုရှင် မတက်သော ကလေးတစ်ယောက် သည် ပုံဆွဲ ဘာသာ ဖြစ်သော
ပထ၀ီ။ သိပံ များတွင် ပုံဆွဲ အမှတ်စည်းမျဉ်း အတွင်း ၀င်အောင် မဆွဲ နိုင်သဖြင့်
တစ်မှတ်။ နှစ်မှတ် လျော့ သွားလေ့ ရှိပါသည်။
ထိုအခါ ကျက်စာ ဘာသာဖြစ်သော ပုံဆွဲ များတွင် အလိုလို နောက်ကောက်ကျ သွားပါသည်။

ထို့အပြင် ကျောင်းမှ ကျက်စာ သင်သော ဆရာမ များသည် လပတ် စာမေးပွဲ များ မစခင် နောက်ဆုံးရက် အထိ ကျက်စာများကို အချိန်ဆွဲ စာသင်လေ့ရှိပါသည်။
( ဆိုလိုသည်မှာ အင်္ဂါနေ့ ၃ ရက်နေ့ တွင် လပတ် စာမေးပွဲ စစ်မည် ဖြစ်သော်လည်း တနင်္လာ နေ့ ၊ ၂ ရက်နေ့ အထိ အချို့ကျက်စာ ဘာသာရပ်များ အကုန် မသင်ရသေးပါ။ ကျောင်းကျုရှင် မတက်သော ကလေးများမှာ ကျက်စာ ကြို မသင်ထားပါသဖြင့် ကျက်စာ ကြိုကျက်၍ မရပါ။ တနင်္လာနေ့ သင်တာ ကို စောင့်ပြီး မှ အင်္ဂါနေ့ စာမေးပွဲ အတွက် စာကျန်များကိုပါ တက်သုက်ရိုက် စာကျက်ရပါတော့သည်။ )

မြန်မာပြည် ပညာရေးစနစ်အရ
 
လစဉ် နီးပါး လပတ် စာမေးပွဲ ရှိပါသည်။ လပတ် စာမေးပွဲ တစ်ကြိမ် တွင် ပါမည့် စာများကို စာမေးပွဲ မကျင်းပခင် တစ်ရက် အလို အထိ စာသင်၍ မပြီး နိုင်သေးသော ဘာသာများ ရှိတတ်ပါသည်။
စာကျက်အားသန်သော၊မြန်သော ကလေးများ အတွက် ပြဿနာ မရှိသော်ငြားလည်း
စာကျက်နှေးသော ကလေးများ အတွက်မူ မည်သို့ ချက်ခြင်း ဒီနေ့သင်။ မိမိဗလာစာအုပ်ထဲကို နေ့တွင်းခြင်းကူးယူရေးသား။ ဒီနေ့ညချက်ခြင်းကျက်။
မနက်ဖြန် ချက်ခြင်းဝင်ဖြေ ဖြစ်နိုင်ပါမည်နည်း။

မိမိကလေးက စာတော်နေစေကာမူ၊ညဏ်ရည် ထက်မြက်နေစေကာမူ ၊ကျောင်းကျုရှင် မတက်သည့်  အတွက် ကျက်စာ ဘာသာ များတွင် ပိုမို အားစိုက်ဝီရိယ ထုတ်မှသာလျှင်တော်ရုံကျပေမည်။

တစ်ချို့မိဘ များသည် ကျောင်းကျုရှင် အပ်ရန် ငွေကြေးတတ်နိုင်ပါသော်ငြားလည်းမိမိ ကလေးများ ပင်ပန်းမည် စိုးရိမ်သဖြင့် ကျောင်းကျုရှင် ထပ်မံ ထားလေ့ မရှိပါ။

ထိုအခါ မျိုးတွင် မိမိကလေး ကျက်စာ ဘာသာများ ကြိုတင်ကျက်ထားနိုင်စေရန် ကျောင်းကျုရှင် တက်သော ကလေးများ၏ မိဘ အချင်းချင်းကို သော်၎င်း။ ကလေးအချင်းချင်း သော်၎င်း။
ပေါင်းသင်းဆက်ဆံထားရပါသည်။ သို့ မှသာလျှင် မိမိ ကလေးအတွက် ကျက်စာ ဘာသာများ
စာစီစာရိုက်ပြီးသား အဆင်သင့်ကို မိတ္တူကူးယူထားပြီး လပတ်စာမေးပွဲ မတိုင်မီကထဲက
ကျက်စာ ဘာသာများကို ကြိုတင်ကျက်ထားနိုင်ပါသည်။

မြန်မာပြည် ပညာရေး စနစ်တွင် အလယ်တန်းဆင့် ကလေး များသာ ကျုရှင် ၄ ခု နီးပါး ယူရသည် မဟုတ်ဘဲ။ ဆေးတက္ကသိုလ် ကျောင်းသားများ ပင် ကျုရှင် သင်ကြားနေရသည်ကိုလဲ ကြားသိနေရပြန်ပါသည်။

အစိုးရ ကျောင်းများတွင်သာမက နံမည်ကြီး အပြင် ကျောင်း အချို့ မှ ကလေးများ လည်း အချို့ဘာသာရပ်များတွင် ပိုမို ကျွမ်းကျင်စေရန် ကျုရှင် ထပ်မံထားရသည်များလည်း ရှိနေပြန်သေးသည်။

မြန်မာပြည် ပညာရေး စနစ်။ ကျောင်းသား နှင့် ကျုရှင် သည် ယောင်နောက် ဆံထုံးပါ ဆိုသလို
ဖက်ရှင် တစ်ခုလို တွဲဘက် ပါနေပြီး ကလေးငယ် များ သည် အလွန် သနားစရာ ကောင်းစွာ
( ကျောင်း- ကျုရှင်- ကျောင်း ) ဖြင့်သာ ဗျာ များနေရသလို
မိဘ များမှာလည်း လိုက်ပို့ လိုက်ကြိုဖြင့် ကလေးများနည်းတူ ငွေကုန် အချိန်ကုန် ဖြစ်နေပါတော့သည်။
ဒီကြားထဲ စာ အတူတူကျက်နိုင်ရန် ( Home Guide ) များပါ ထပ်ခေါ်ရပါမူ---
( ကျောင်းသားမိဘတစ်ဦး )
.

No comments:

Post a Comment