Friday, July 13, 2012

ဖားတစ်ပိုင်းငါးတစ်ပိုင်းများရဲ့ပညာရေးအစီင်္အစဉ်


Blogger Widgets


Photo: အခြေခံပညာကဏ္ဍ၏ ပညာသင်နှစ်များကို သူငယ်တန်းအပါအ၀င်  ၁၁ နှစ်မှ ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အခြေခံပညာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံစနစ်များကို နိုင်ငံတကာအဆင့်မီစေရေးအတွက် ရည်ရွယ်ကာ ပညာသင်နှစ်များကိုတိုးချဲ့ရန် ဆွေးနွေးကြခြင်းများဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍပညာရေး ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေး နွေးခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံပညာကို သူငယ်တန်း အပါအ၀င် မူလတန်း လေးနှစ်၊ အလယ်တန်းလေးနှစ်နှင့် အထက်တန်းနှစ်နှစ် စုစုပေါင်းအခြေခံ ပညာကဏ္ဍ စာသင်နှစ် ၁၁ နှစ်မှ သူငယ်တန်းမပါ မူလတန်း ခြောက်နှစ်၊ အလယ်တန်းသုံးနှစ်နှင့် အထက်တန်း သုံးနှစ် စုစုပေါင်း အခြေခံပညာကို ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

''အခြေခံပညာကဏ္ဍမှာ ပညာသင်နှစ်တွေ ထပ်တိုးဖို့ အစီအစဉ်တွေက လက်ရှိအခြေအနေမှာတော့ ထည့်သွင်း ဆွေးနွေးနေကြဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်''ဟု နေပြည်တော်ရှိ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။


''အခြေခံပညာကဏ္ဍမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ သူငယ်တန်း အပါ(၅း၎း၂)အစား သူငယ်တန်းမပါ (၆း၃း၃)ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းဖို့အတွက် ဆွေးနွေးနေပါတယ်။ ဒါကလည်း နိုင်ငံတကာအဆင့်မီဖို့ အတွက်လို့ သိရပါတယ်။ မြန်မာကလေးတွေ အနေနဲ့ အသက် ငါးနှစ်အရွယ်မှာ သူငယ်တန်းစ၀င်ပြီး တစ်နှစ်တစ်တန်း ပုံမှန်အောင်မယ်ဆိုရင်ပဲ အသက် ၁၄ နှစ်လောက်မှာ န၀မတန်းရောက်မယ်။  ၁၅ နှစ် ၁၆ နှစ်လောက်မှာ တက္ကသိုလ် ၀င်တန်းဖြေမယ်။ နိုင်ငံတကာပညာ ရေးမှာကျတော့ အသက် ၁၂၊ ၁၃၊ ၁၄ နှစ်လောက်မှာ အလယ်တန်းပညာရေး အဆင့်ဖြစ်ပြီးတော့ စာပေပညာအခြေခံ တွေအပြင် လူမှုဆက်ဆံရေးနဲ့ကာယ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုဖြည့်ဆည်း ပေးတဲ့အတန်းအဆင့်ဖြစ်နေပါတယ်။ ဒီတော့ နိုင်ငံတကာကအလယ်တန်း အဆင့် သင်ယူနေရတဲ့အသက်အရွယ် လောက်မှာ မြန်မာနိုင်ငံက ကလေးတွေ က တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်နေကြရလေတော့ မြန်မာကလေးအများစုက နိုင်ငံတကာနဲ့ယှဉ်ရင် ကာယဖွံ့ဖြိုးမှုတွေ နောက်ကျနေတာကို တွေ့ရှိနေရပါတယ်။ ဒါ ကြောင့်စာသင်နှစ်တွေကို တိုးချဲ့လိုက်ပြီး ကာယဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အချိန်ယူလေ့ကျင့် ပြုစုသင်ကြားပေးနိုင်အောင် စာသင်နှစ်တွေ တိုးချဲ့သွားဖို့ ဆွေးနွေး ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အခြေခံပညာအသိုင်းအ၀ိုင်းမှ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောပြသည်။

သို့ရာတွင် ယင်းကဲ့သို့ အများနှင့် သက်ဆိုင်ပြီး အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့် ကဏ္ဍများကို ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးကြရာတွင်လည်း ပြည်သူလူထုအား ချပြအသိပေးသင့်ပြီး ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း ပြည် သူအများကလည်း ရှုမြင်သုံးသပ်ခဲ့ကြပါသည်။

''တကယ်တော့ ပညာရေးကို နိုင်ငံတကာအဆင့်မီ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် ပညာသင်နှစ်တွေ တိုးချဲ့ဖို့ ဆွေးနွေးနေတာထက် လက်ရှိ ပညာရေးဖြစ်စဉ်တွေကိုသာ တိုးတက်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာ့ပညာရေးစနစ်မှာက မြို့ပြနဲ့ ကျေးလက်တောင် မတူပါဘူး။ ပြီးတော့ ကျောင်းသားနဲ့ဆရာ အချိုး၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်နဲ့ ပညာဆက်လက် သင်ယူနိုင်မယ့် အခွင့်အရေး စတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပညာရေးမှာ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး ကိုတိုးမြှင့်ပေးဖို့တွေက အဓိကလိုအပ်နေတာ ဖြစ်ပါတယ်။ ဒါတွေကိုမှ မဖြေရှင်းနိုင်သေးဘဲ ပညာသင်နှစ်တွေကိုပဲ တိုးချဲ့သွားမယ်ဆိုရင်တော့ မြန်မာ့ပညာရေးဟာ အလှမ်းကျယ်ပြီး အလယ်လပ်နေသလို ကစဥ့်ကလျားနဲ့ အကျိုးမရှိဘဲ ဖြစ်နေပါလိမ့်မယ်''ဟု ၎င်းက ဆက် လက်ပြောပြခဲ့ပါသည်။

အခြေခံပညာပြီးဆုံးရန် စာသင်နှစ် ၁၂ နှစ် (သူငယ်တန်းမပါ) ထားရှိသော နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ အစ္စရေး စသည့် နိုင်ငံများဖြစ်ကြပြီး ဘရူနိုင်း၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံ များတွင် အခြေခံပညာပြီးဆုံးရန် ၁၃ နှစ် နှင့်အထက် ထားရှိသည်ဟု သိရှိရပြီး မြန်မာ့ပညာရေးစနစ်ကိုလည်း အလားတူ နိုင်ငံတကာအဆင့်မီစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သော် လည်း လက်ရှိ ပညာရေးကဏ္ဍတွင် ထိရောက်မှုရှိစေသည့် ကဏ္ဍများကိုသာ တိုးတက်ရေး အတွက် လုပ်ဆောင်သင့်ကြောင်း အခြေခံပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောကြားခဲ့ပါသည်။

''မြန်မာ့ပညာရေး တိုးတက်မှုဟာ တကယ်တော့ နှစ်ပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ သင်ကြားတဲ့နည်းစနစ်နဲ့ အနှစ်သာရနဲ့ ပညာရေးပေါ်မှာ ရင်းနှီးမြှုပ်နှံမှု စတာတွေပေါ်မှာပဲ မူတည်နေတာပါ။ အဲဒါတွေပေါ်မှာ အဓိကအာရုံစိုက် လုပ်ဆောင်ရမှာပါ။ အဲဒါတွေကို အရင်မလုပ်ဘဲ မနိုင်မနင်းတွေ ထပ်လုပ်နေရင် မြန်မာ့ပညာရေးမှာ အားလုံး ပရမ်းပတာ ဖြစ်သွားကြမှာပါ။ အကျိုးရှိလာဖို့က ရာနှုန်းပြည့် သေချာမှု မရှိလာနိုင်ပါဘူး''ဟု စာသင်နှစ်သက်တမ်း (၅၀) ရှိ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။

''လက်ရှိဖြစ်နေတာက နယ်ဘက်တွေမှာ လက်ရှိပညာရေးစနစ်နဲ့တင် မူလတန်းပြီးဆုံးအောင် တက်နိုင်ဖို့က အဟောသိကံဖြစ်နေပါတယ်။ နယ်ဘက်တင်မကပါဘူး။ ရန်ကုန်မြို့မှာလည်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ လည်း မူလတန်းပြီးဆုံးအောင် မထားနိုင်ကြတာတွေလည်း ရှိနေပါတယ်။  တစ်တန်း၊ နှစ်တန်းနဲ့တင် ကလေးတွေကို ကျောင်းထုတ်ပြီး အလုပ်ထွက်လုပ်ခိုင်းနေကြတာမျိုးတွေလည်း ဒုနဲ့ဒေး အများကြီးရှိနေပါတယ်။ အဲဒီလိုဖြစ် နေတာတွေကို အရင်မကုစားဘဲနဲ့ ပညာသင်နှစ်တွေ တိုးချဲ့ဖို့ စီစဉ်နေကြတယ်ဆိုတာက လုံးဝမသင့်တော်ပါဘူး။ ဒီစနစ်ကို လုပ်ဆောင်ဖို့အတွက် ဆရာတွေပိုခန့်၊ စာသင်ကျောင်းတွေ တိုးချဲ့ ထပ်ပြီး လုပ်ကြရမှာပါ။ ဘတ်ဂျက်တွေလည်း အများကြီး ထပ်ဖြည့်ရမှာပါ။ ဒါကြောင့် ကောင်းစေချင်ရင် နှစ်တိုးတာ အဓိကမဟုတ်ဘူး။ ပညာရေးအတွက် Facility တွေ ထပ်တိုးဖို့၊ ပညာရေးအသုံးစရိတ်တွေ ထပ်တိုးဖို့၊ အရည်အချင်းမီတဲ့ ဆရာတွေဖြစ်အောင် ပြုစုလေ့ကျင့်ပေးဖို့ စတာတွေကို အရင်လုပ် သင့်ပါတယ်''ဟု ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ပြည်တွင်းအန်ဂျီအိုတစ်ခုမှ အငြိမ်းစားသံအမတ်ကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

ပညာရေးပေါ်လစီများ ပြုပြင်ပြောင်းလဲရန် စီစဉ်မည်ဆိုပါကလည်း  မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူလူထု၊ မိဘ၊ ကျောင်းသား၊ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီး ပါဝင်ဆွေးနွေးပြီး ဆန္ဒဖော်ထုတ် အကြံပြုနိုင်ရန်၊ အဆိုပြုချက်များအား စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲသင့်သည်များကို အဆိုပါ ဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေးကြရန်၊ နှီးနှောဖလှယ်ပွဲများ ကျင်းပသည့်အခါတွင် လည်း ကျောင်းသားကဏ္ဍ၊ မိဘကဏ္ဍ၊ ဆရာ့ကဏ္ဍ၊ နိုင်ငံတော်ကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်သူအများက ရှုမြင်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

စာသင်နှစ်များ တိုးမြှင့်ရန် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ကျောင်းသားမိဘများ၏ သဘောထားနှင့် အမြင်များကို မေးမြန်းကြည့်ရာတွင်လည်း ''နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါမှာ အညမည ဖြစ်စဉ်ကြီး သုံးရပ်နဲ့ ကိုက်ညီမှ ရေရှည်တည်တဲ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ အဲဒီအညမည ဖြစ်စဉ်ကြီးသုံးရပ်ထဲက ပထမဆုံးဖြစ်စဉ်က 'စီးပွားရေး အခြေခံနဲ့ အပေါ်ထပ် အညမညဖြစ်စဉ်'ပါ။ စီးပွားရေး အခြေခံကတော့ လူတိုင်းသိပါတယ်။ အပေါ်ထပ် အဆောက်အအုံဆိုတာကတော့ စာပေ၊ ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊  အားကစား စတာတွေပါ။ စီးပွားရေး အခြေခံကို ပြောင်းချင်ရင် နေ့ချင်း၊ ညချင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း စီမံကိန်းတွေချပြီး ၀ုန်းကနဲပြောင်းလိုက်လို့ရတယ်။ ဒါပေမယ့် အပေါ်ထပ် အဆောက်အအုံတွေကိုတော့ စီးပွားရေး အခြေခံပြောင်းသလို ပြောင်းလို့မရဘူး။ ပြောင်းလဲလာတဲ့ စီးပွားရေး အခြေခံပေါ်မူတည်ပြီး သူ့အလိုလို တရွေ့ရွေ့လိုက်ပြီး ပြောင်းလဲရမှာဖြစ်ပါတယ်'' တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးက ပြောပြခဲ့ပါသည်။

ရန်ကင်းမြို့နယ်မှ ကျောင်းသား မိဘတစ်ဦးကလည်း ''အန်တီတို့ခေတ်တုန်းက သူငယ်တန်းကနေ အထက်တန်းအထိ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းစာကို ကျောင်းမှာသင်ပြီး အိမ်ရောက်တာနဲ့ လွယ်အိပ်ကို ပစ်ချပြီး မီးကုန်ယမ်းကုန်ပဲ ကစားပွဲဆင်နွှဲဖို့ လုံး ပမ်းကြတာ နေ့စဉ်နေ့တိုင်းပါပဲ။ ညဘက်ဆိုရင်လည်း ၁၀ နာရီကျော်အထိ စာကျက်လိုက်ရင်ပဲ အတန်းထဲမှာ အဆင့်(၁)(၂)(၃)ကို ပြေးမလွတ်တော့ပါဘူး။ အခုခေတ် ကလေးတွေကို အန်တီတို့က သနားမိပါတယ်။ စာတွေကို ကျောင်းမှာလည်း ဖတ်ရ၊ ကျူရှင်မှာလည်း ဖတ်ရ၊ အိမ်မှာလည်း ဖတ်ရနဲ့ အိပ်ရေးလည်းမ၀၊ ကိုယ်လက်လှုပ်ရှားမှုဆိုတာလည်း မရှိ၊ အဲဒီတော့ ကလေးတွေရဲ့ မျက်လုံးလေးတွေလည်း မတောက်ပကြတော့ဘူး။ သိုးကလေးတွေနဲ့ တူနေတယဲ''ဟု သုံးသပ် ပြောဆိုခဲ့ပါသည်။ 

ဆက်လက်၍ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးကလည်း ''ကျွန်မတို့ အခုပညာရေးစနစ်နဲ့တောင် ကလေးတွေကို မူလတန်းပြီးအောင်ထားဖို့ဆိုတာ တော်တော်စဉ်းစားရကျပ်နေချိန်မှာ စာသင်နှစ်တွေ ထပ်တိုးမယ်ဆိုရင်တော့ ကလေးတွေရဲ့ ပညာရေးက တော်တော် ခက်ခဲသွားလိမ့်မယ်။ အခုတောင် ကျွန်မကလေးတွေက မိသားစုစားဝတ်နေရေးအတွက်ကို တစ်ဖက်တစ်လမ်းကနေ ကျောင်းမတက်ခင်နဲ့ ကျောင်းဆင်းပြီးအချိန်တွေမှာ ဈေးဝိုင်းရောင်းပေးနေရတာနဲ့တင် သူတို့အတွက် စာကျက်ချိန်ဆိုတာ နည်းနေရတာပါ။ ကျွန်မ  တို့လည်း ဒီမူလတန်းပြီးအောင်တောင် မနည်းအားတင်းပြီး ကျောင်းထားနေရတာပါ''ဟု ပြောပြခဲ့ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ အများ ပြည်သူနှင့်သက်ဆိုင်သော၊ အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသော ကဏ္ဍများ ပြုပြင်ပြောင်းလဲရန် စီစဉ်ရာတွင် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလူထုကို ချပြအသိပေး၍ ဆွေးနွေး အကြံပြုချက်များ ရယူပြီးမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ နိုင်ငံတကာ အဆင့်မီကောင်းမွန်သည့် ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် စီစဉ်နေမှုများအပေါ် ကဏ္ဍပေါင်းစုံမှ တောင်းဆိုဆန္ဒပြုခဲ့ကြပါသည်။ 

Ref:EMG
အခြေခံပညာကဏ္ဍ၏ ပညာသင်နှစ်များကို သူငယ်တန်းအပါအ၀င် ၁၁ နှစ်မှ ၁၃ နှစ်သို့ ပြင်ဆင် ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အခြေခံပညာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်း တည်ဆောက်ပုံ စနစ်များကို နိုင်ငံတကာ အဆင့်မီစေရေး အတွက် ရည်ရွယ်ကာ ပညာသင်နှစ်များ ကိုတိုးချဲ့ ရန် ဆွေးနွေးကြခြင်း များဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍ ပညာရေး ဆွေးနွေး ပွဲများသို့ တက်ရောက်ဆွေး နွေး ခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့်နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ် အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံ ပညာကို သူငယ်တန်း အပါအ၀င် မူလတန်း လေးနှစ်၊ အလယ်တန်းလေးနှစ်နှင့် အထက်တန်းနှစ်နှစ် စုစုပေါင်းအခြေခံ ပညာကဏ္ဍ စာသင်နှစ် ၁၁ နှစ်မှ သူငယ်တန်းမပါ မူလတန်း ခြောက်နှစ်၊ အလယ်တန်း သုံးနှစ်နှင့် အထက်တန်း သုံးနှစ် စုစုပေါင်း အခြေခံပညာကို ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

''အခြေခံပညာကဏ္ဍမှာ ပညာသင်နှစ်တွေ ထပ်တိုးဖို့ အစီအစဉ်တွေက လက်ရှိအခြေအနေမှာတော့ ထည့်သွင်း ဆွေးနွေးနေကြဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်''ဟု နေပြည်တော်ရှိ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။


''အခြေခံပညာကဏ္ဍမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ သူငယ်တန်း အပါ(၅း၎း၂)အစား သူငယ်တန်းမပါ (၆း၃း၃)ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းဖို့အတွက် ဆွေးနွေးနေပါတယ်။ ဒါကလည်း နိုင်ငံတကာအဆင့်မီဖို့ အတွက်လို့ သိရပါတယ်။ မြန်မာကလေးတွေ အနေနဲ့ အသက် ငါးနှစ်အရွယ်မှာ သူငယ်တန်းစ၀င်ပြီး တစ်နှစ်တစ်တန်း ပုံမှန်အောင်မယ်ဆိုရင်ပဲ အသက် ၁၄ နှစ်လောက်မှာ န၀မတန်းရောက်မယ်။ ၁၅ နှစ် ၁၆ နှစ်လောက်မှာ တက္ကသိုလ် ၀င်တန်းဖြေမယ်။ နိုင်ငံတကာပညာ ရေးမှာကျတော့ အသက် ၁၂၊ ၁၃၊ ၁၄ နှစ်လောက်မှာ အလယ်တန်းပညာရေး အဆင့်ဖြစ်ပြီးတော့ စာပေပညာအခြေခံ တွေအပြင် လူမှုဆက်ဆံရေးနဲ့ကာယဖွံ့ဖြိုးတိုးတက်ရေးတွေကိုဖြည့်ဆည်းပေးတဲ့အတန်းအဆင့်ဖြစ်နေပါတယ်။ ဒီတော့ နိုင်ငံတကာကအလယ်တန်း အဆင့် သင်ယူနေရတဲ့အသက်အရွယ် လောက်မှာ မြန်မာနိုင်ငံက ကလေးတွေ က တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်နေကြ ရလေတော့ မြန်မာ ကလေးအများစုက နိုင်ငံတကာနဲ့ယှဉ်ရင် ကာယဖွံ့ဖြိုးမှုတွေ နောက်ကျနေတာ ကို တွေ့ရှိနေရပါတယ်။ ဒါ ကြောင့်စာသင်နှစ်တွေကို တိုးချဲ့လိုက်ပြီး ကာယဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အချိန်ယူလေ့ကျင့် ပြုစုသင်ကြားပေးနိုင်အောင် စာသင်နှစ်တွေ တိုးချဲ့သွားဖို့ ဆွေးနွေး ညှိနှိုင်းနေကြ ဆဲ ဖြစ်ပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အခြေခံပညာအသိုင်းအ၀ိုင်းမှ အငြိမ်း စားကျောင်းအုပ် ဆရာကြီးတစ်ဦးက ပြောပြသည်။

သို့ရာတွင် ယင်းကဲ့သို့ အများနှင့် သက်ဆိုင်ပြီး အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့် ကဏ္ဍ များကို ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးကြရာတွင်လည်း ပြည်သူလူထုအား ချပြ အသိပေးသင့်ပြီး ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း ပြည်သူအများကလည်း ရှုမြင်သုံးသပ်ခဲ့ကြပါသည်။

''တကယ်တော့ ပညာရေးကို နိုင်ငံတကာအဆင့်မီ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် ပညာသင်နှစ်တွေ တိုးချဲ့ဖို့ ဆွေးနွေးနေတာထက် လက်ရှိ ပညာရေးဖြစ်စဉ်တွေကိုသာ တိုးတက်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာ့ပညာရေးစနစ်မှာက မြို့ပြနဲ့ ကျေးလက်တောင် မတူပါဘူး။ ပြီးတော့ ကျောင်းသားနဲ့ဆရာ အချိုး၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်နဲ့ ပညာဆက်လက်သင်ယူနိုင်မယ့် အခွင့်အရေး စတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပညာရေးမှာ သင်ကြားပေးမယ့်ဆရာ၊ဆရာမတွေရဲ့ အရည်အသွေး ကိုတိုးမြှင့်ပေးဖို့တွေက အဓိကလိုအပ်နေတာ ဖြစ် ပါတယ်။ ဒါတွေကိုမှ မဖြေရှင်းနိုင်သေးဘဲ ပညာသင်နှစ်တွေကိုပဲ တိုးချဲ့သွားမယ်ဆိုရင်တော့ မြန်မာ့ ပညာရေးဟာ အလှမ်းကျယ်ပြီး အလယ်လပ်နေသလို ကစဥ့်ကလျားနဲ့ အကျိုးမရှိဘဲ ဖြစ်နေပါလိမ့်မယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။

အခြေခံပညာပြီးဆုံးရန် စာသင်နှစ် ၁၂ နှစ် (သူငယ်တန်းမပါ) ထားရှိသော နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ အစ္စရေး စသည့် နိုင်ငံများဖြစ်ကြပြီး ဘရူနိုင်း၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံ များတွင် အခြေခံပညာပြီးဆုံးရန် ၁၃ နှစ် နှင့်အထက် ထားရှိသည်ဟု သိရှိရပြီး မြန်မာ့ပညာရေးစနစ်ကိုလည်း အလားတူ နိုင်ငံတကာ အဆင့်မီစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သော်လည်း လက်ရှိ ပညာရေးကဏ္ဍတွင် ထိရောက်မှုရှိစေသည့် ကဏ္ဍများကိုသာ တိုးတက်ရေး အတွက် လုပ်ဆောင်သင့်ကြောင်း အခြေခံပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောကြားခဲ့ပါသည်။

''မြန်မာ့ပညာရေး တိုးတက်မှုဟာ တကယ်တော့ နှစ်ပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ သင်ကြားတဲ့ နည်းစနစ်နဲ့ အနှစ်သာရနဲ့ ပညာရေးပေါ်မှာ ရင်းနှီးမြှုပ်နှံမှု စတာတွေပေါ်မှာပဲ မူတည်နေတာပါ။ အဲဒါတွေပေါ်မှာ အဓိကအာရုံစိုက် လုပ်ဆောင်ရမှာပါ။ အဲဒါတွေကို အရင်မလုပ်ဘဲ မနိုင်မနင်းတွေ ထပ်လုပ်နေရင် မြန်မာ့ပညာရေးမှာ အားလုံး ပရမ်းပတာ ဖြစ်သွားကြမှာပါ။ အကျိုးရှိလာဖို့က ရာနှုန်းပြည့်သေချာမှု မရှိလာနိုင်ပါဘူး''ဟု စာသင်နှစ်သက်တမ်း (၅၀) ရှိ အငြိမ်းစား ကျောင်းအုပ် ဆရာကြီးတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။

''လက်ရှိဖြစ်နေတာက နယ်ဘက်တွေမှာ လက်ရှိပညာရေးစနစ်နဲ့တင် မူလတန်းပြီးဆုံးအောင် တက်နိုင်ဖို့က အဟောသိကံဖြစ်နေပါတယ်။ နယ်ဘက်တင်မကပါဘူး။ ရန်ကုန်မြို့မှာလည်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ မှာလည်း မူလတန်းပြီးဆုံးအောင် မထားနိုင်ကြတာတွေလည်း ရှိနေပါတယ်။ တစ်တန်း၊ နှစ်တန်းနဲ့တင် ကလေးတွေကို ကျောင်းထုတ်ပြီး အလုပ်ထွက်လုပ်ခိုင်းနေကြတာမျိုးတွေလည်း ဒုနဲ့ဒေး အများကြီးရှိနေ ပါတယ်။ အဲဒီလိုဖြစ်နေတာတွေကို အရင်မကုစားဘဲနဲ့ ပညာသင်နှစ်တွေ တိုးချဲ့ဖို့ စီစဉ်နေကြတယ် ဆိုတာက လုံးဝမသင့်တော်ပါဘူး။ ဒီစနစ်ကို လုပ်ဆောင်ဖို့အတွက် ဆရာတွေပိုခန့်၊ စာသင်ကျောင်းတွေ တိုးချဲ့ ထပ်ပြီး လုပ်ကြရမှာပါ။ ဘတ်ဂျက်တွေလည်း အများကြီး ထပ်ဖြည့်ရမှာပါ။ ဒါကြောင့် ကောင်းစေချင် ရင် နှစ်တိုးတာ အဓိကမဟုတ်ဘူး။ ပညာရေးအတွက် Facility တွေ ထပ်တိုးဖို့၊ ပညာရေးအသုံးစရိတ်တွေ ထပ်တိုးဖို့၊ အရည်အချင်းမီတဲ့ ဆရာတွေဖြစ်အောင် ပြုစုလေ့ကျင့်ပေးဖို့ စတာတွေကို အရင်လုပ် သင့်ပါတယ်''ဟု ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ပြည်တွင်းအန်ဂျီအိုတစ်ခုမှ အငြိမ်းစား သံအမတ်ကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

ပညာရေးပေါ်လစီများ ပြုပြင်ပြောင်းလဲရန် စီစဉ်မည်ဆိုပါကလည်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး  နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူလူထု၊ မိဘ၊ ကျောင်းသား၊ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီး ပါဝင်ဆွေးနွေးပြီး ဆန္ဒဖော်ထုတ် အကြံပြုနိုင်ရန်၊ အဆိုပြုချက်များအား စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲသင့်သည်များကို အဆိုပါ ဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေး ကြရန်၊ နှီးနှောဖလှယ်ပွဲများ ကျင်းပသည့်အခါတွင် လည်း ကျောင်းသားကဏ္ဍ၊ မိဘကဏ္ဍ၊ ဆရာ့ကဏ္ဍ၊ နိုင်ငံတော်ကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြည်သူအများက ရှုမြင်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

စာသင်နှစ်များ တိုးမြှင့်ရန် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ကျောင်းသားမိဘများ၏ သဘောထားနှင့် အမြင်များကို မေးမြန်းကြည့်ရာတွင်လည်း ''နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါမှာ အညမည ဖြစ်စဉ်ကြီး သုံးရပ်နဲ့ ကိုက်ညီမှ ရေရှည်တည်တဲ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ အဲဒီအညမည ဖြစ်စဉ်ကြီးသုံးရပ်ထဲက ပထမဆုံးဖြစ်စဉ်က 'စီးပွားရေး အခြေခံနဲ့ အပေါ်ထပ် အညမညဖြစ်စဉ်'ပါ။ စီးပွားရေး အခြေခံကတော့ လူတိုင်းသိပါတယ်။ အပေါ်ထပ် အဆောက်အအုံဆိုတာကတော့ စာပေ၊ ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စတာတွေပါ။ စီးပွားရေး အခြေခံကို ပြောင်းချင် ရင် နေ့ချင်း၊ ညချင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း စီမံကိန်းတွေချပြီး ၀ုန်းကနဲပြောင်းလိုက်လို့ရတယ်။ ဒါပေမယ့် အပေါ်ထပ် အဆောက်အအုံတွေကိုတော့ စီးပွားရေး အခြေခံပြောင်းသလို ပြောင်းလို့ မရဘူး။ ပြောင်းလဲလာတဲ့ စီးပွားရေး အခြေခံပေါ်မူတည်ပြီး သူ့အလိုလို တရွေ့ရွေ့လိုက်ပြီး ပြောင်းလဲ ရမှာဖြစ်ပါတယ်'' တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးက ပြောပြခဲ့ပါသည်။

ရန်ကင်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကလည်း ''အန်တီတို့ခေတ်တုန်းက သူငယ်တန်းကနေ အထက်တန်းအထိ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းစာကို ကျောင်းမှာသင်ပြီး အိမ်ရောက်တာနဲ့ လွယ်အိပ်ကို ပစ်ချပြီး မီးကုန်ယမ်းကုန်ပဲ ကစားပွဲဆင်နွှဲဖို့ လုံးပမ်းကြတာ နေ့စဉ်နေ့တိုင်းပါပဲ။ ညဘက်ဆိုရင်လည်း ၁၀ နာရီကျော်အထိ စာကျက်လိုက်ရင်ပဲ အတန်းထဲမှာ အဆင့်(၁)(၂)(၃) ကို ပြေးမလွတ်တော့ပါဘူး။ အခုခေတ် ကလေးတွေကို အန်တီတို့က သနားမိပါတယ်။ စာတွေ ကို ကျောင်းမှာလည်း ဖတ်ရ၊ ကျူရှင်မှာလည်း ဖတ်ရ၊ အိမ်မှာလည်း ဖတ်ရနဲ့ အိပ်ရေးလည်းမ၀၊ ကိုယ်လက်လှုပ်ရှားမှုဆိုတာလည်း မရှိ၊ အဲဒီတော့ ကလေးတွေရဲ့ မျက်လုံးလေးတွေလည်း မတောက်ပ ကြတော့ဘူး။ သိုးကလေးတွေနဲ့ တူနေတယဲ''ဟု သုံးသပ် ပြောဆိုခဲ့ပါသည်။

ဆက်လက်၍ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးကလည်း ''ကျွန်မတို့ အခုပညာရေးစနစ်နဲ့တောင် ကလေးတွေကို မူလတန်းပြီးအောင်ထားဖို့ ဆိုတာ တော်တော်စဉ်းစားရ ကျပ်နေချိန်မှာ စာသင်နှစ်တွေ ထပ်တိုးမယ်ဆိုရင်တော့ ကလေးတွေရဲ့ ပညာရေးက တော်တော် ခက်ခဲ သွားလိမ့်မယ်။ အခုတောင် ကျွန်မကလေးတွေက မိသားစုစားဝတ်နေရေးအတွက်ကို တစ်ဖက်တစ်လမ်း ကနေ ကျောင်းမတက်ခင်နဲ့ ကျောင်းဆင်းပြီးအချိန်တွေမှာ ဈေးဝိုင်းရောင်းပေးနေရတာနဲ့တင် သူတို့ အတွက် စာကျက်ချိန် ဆိုတာ နည်းနေရတာပါ။ ကျွန်မတို့လည်း ဒီမူလတန်းပြီးအောင်တောင် မနည်း အားတင်းပြီး ကျောင်းထားနေရတာပါ''ဟု ပြောပြခဲ့ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ အများ ပြည်သူနှင့်သက်ဆိုင်သော၊ အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသော ကဏ္ဍများ ပြုပြင်ပြောင်းလဲရန် စီစဉ်ရာတွင် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလူထုကို ချပြ အသိပေး ၍ ဆွေးနွေး အကြံပြုချက်များ ရယူပြီးမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ နိုင်ငံတကာ အဆင့်မီကောင်းမွန်သည့် ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် စီစဉ်နေမှုများအပေါ် ကဏ္ဍပေါင်းစုံမှ တောင်းဆို ဆန္ဒပြုခဲ့ကြ ပါသည်။
(News of Myanmar) မှ ယူပါသည်။

No comments:

Post a Comment