Sunday, July 1, 2012

အင်ဒိုနီးရှားနှင့်အိန္ဒိယအဆင့်မြင့်ပညာပူးပေါင်းဆောင်ရွက်




အင်ဒိုနီးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည်လုပ်ငန်းအမျိုးမျိုး၌ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် လိုအပ်ပါ တယ်လို့အင်ဒိုနီးရှားနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားဒုတိယသမ္မတ Boediono က  ဂျာကာတာရှိ အိန္ဒိယသံရုံးမှ အဆိုပြုချက်အရ အိန္ဒိယအမတ်ကြီး Gurijit singh ကို ပြောကြား ခဲ့ခြင်းဖြစ်သည်။Mr singh က အကြံအစည်တစ်ခုကို မီးမောင်းထိုးပြခဲ့သည်။ယင်းမှာ အိန္ဒိယနှင့်အင်ဒိုနီးရှား ဆက် ဆံရေးရှေ့တိုးဆောင်ရွက်ရန်အတွက် လိုအပ်ပါတယ်လို့ အလေးအနက် ပြော ဆိုခဲ့ခြင်းဖြစ်ပါသည်။ Boediono ကလည်း သူနှင့်သဘောတူညီခဲ့ပါသည်။ Boediono က နယ်ပယ်အမျိုးမျိုး တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်လို့ ပြောခဲ့ပါသည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် အရေးကြီးသော် လည်း ရင်နှီးမြှပ်နှံမှုက ပို၍အခြေခံကြပါသည်ဟု သူကပြောခဲ့ပါသည်။ (PPP) Public Private Partnership ပုံစံအရ တိုင်းပြည်အတွက် India ၏ ရင်းနှီးမြုပ်နှံမှုကို အရေးတကြီးကြိုဆိုခဲ့ပါသည်။
အင်ဒိုနီးရှားဒုတိယသမ္မတက သံတမန်ရေးရာ ဆက်ဆံရေးအကျိုးအမြတ်ရလျှင် India ၏အခြေခံအဆောက် အအုံနှင့်ထောက်ပံ့မှုအရ အင်ဒိုနီးရှားနိုင်ငံအတွင်း၌ ဖွံ့ဖြိုးမှုအတွက် အလားအလာ ရှိပါတယ်လို့ ဆိုခဲ့ပါ သည်။ Boediono က အိန္ဒိယ၏ အဆင့်မြင့်ပညာရေးကဏ္ဍသည် ကမ္ဘာ့အဆင့်ရှိသည် ဟုဆိုပါသည်။ အင်ဒိုနီးရှားအတွင်းရှိ လူသားအရင်းအမြတ်များ ဖွံ့ဖြိုးတိုးတက်ရန် ကျောင်းသားများ၏ဖြစ်နိုင်ချေ ရှိမူ ကို နှစ်နိုင်ငံက တိုးချဲ့နိုင်ပါလိမ့်မယ်။ Program များပြောင်းလဲကောင်းပြောင်းလဲနိုင်လိမ့်မယ်။ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းများ၏ အခိုင်အမာ တည်ဆောက်မှုကိုပေါင်းစပ်ကောင်းပေါင်းစပ်နိုင်ပါလိမ့်မည်။    ရိုးရာယဉ်ကျေး၌နှစ်နိုင်ငံလုံးသည်ဆက်နွယ်မှုများရှိပါသည်။ထိုဆက်နွယ်မှုကိုရှေ့ဆက်၍တိုးတက်အောင် င်ဆောင်ရွက်သင့်ပါသည်ဟုလည်း ဆိုခဲ့ပါသည်။
အိန္ဒိယသံရုံး၏ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံကုန်သွယ်ရေးသည် 2005-2006 တွင် $4.4 billion မှ 2010-2011 တွင် $ 16 billion ကျော်အထိ တိုးမြင့်လာခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံအတွင်းရှိ အင်ဒိုနီးရှားသည် အိန္ဒိယအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သည်။ အင်ဒိုနီးရှား၌ ဌာနေ အိန္ဒိယလူမျိုးများ တစ်သိန်းလောက်ရှိပါသည်။ ၎င်းတို့အားလုံးလိုလိုသည် မြို့တော် Jakarta , Medan, Surabaya နှင့် Bandung ဒေသများတွင် အခြေစိုက်နေထိုင်ကြသည်။ အိန္ဒိယနိုင်ငံသားများစွာသည် အင်ဒိုနီးရှားနိုင်ငံ၌ ဘဏ်လုပ်ငန်းရှင်များ၊ England နိုင်ငံအသိမှတ်ပြု စာရင်းကိုင်များ၊ ပညာရပ်ဆိုင်ရာ အကြံပေးများ၊ အင်ဂျင်နီယာများအဖြစ်လုပ်ကိုင်နေကြပါသည်။ အိန္ဒိယလူမှုအဖွဲ့အစည်းနှင့်အင်ဒိုနီးရှားသည်ကောင်းမွန်စွာ ဆက်စပ်လျှက်ရှိသည့်အတွက် အင်ဒိုနီးရှားတွင် အိန္ဒိယနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာကုမ္ပဏီများနှင့်
ပြည်တွင်းကုမ္ပဏီများတွင် အဆင့်မြင့် ရာထူးများ ခန့်ထားခြင်းဖြင့် အသိအမှတ်ပြလျှက်ရှိပါသည်။
                                              ဦးဦးကျော်ဘွား
နယူးယောက်တိုင်း သတင်းစာပါ သတင်းကို ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်)

No comments:

Post a Comment