Thursday, July 5, 2012

တချိန်တုန်းကမြန်မာနိုင်ငံရှိပုဂ္ဂလိကပညာရေး



Photo: Editorial.

တစ်ချိန်တုန်းက မြန်မာနိုင်ငံရှိပုဂ္ဂလိကပညာရေး


တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပညာရေးစနစ်တွေ အားကောင်းခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေဦးစီးတဲ့ ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍတွေဟာ ခေတ်စားခဲ့ကြဖူး တယ်။ ဥပမာ ရန်ကုန်မှာဆိုရင် စိန့်ပေါကျောင်း၊ စိန့်ဖရန်စစ်ကျောင်း၊ စိန့်အော ဂတ်စတင်းကျော်ငး၊ စိန့်ဂျွန်ကျောင်း၊ စိန့်မေရီကျောင်း စတာတွေဟာ တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီ ကျောင်းတွေဟာ အများပြည်သူကျောင်းတွေဖြစ်နေကြပါပြီ။

ဖော်ပြခဲ့တဲ့ ကျောင်းတွေဟာ အဲဒီအချိန်တုန်းက ကိုလိုနီခေတ် ဗြိတိသျှအစိုးရတွေနဲ့ တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် ပါလီမန်အစိုးရကတွေက သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေအရ တရားဝင် ခွင့်ပြုထားတဲ့ ကျောင်းတွေလည်း ဖြစ်ပါတယ်။ ဒီလိုပညာရေးတရား ဥပဒေတွေအရ တရားဝင်နေတဲ့အတွက် အဲဒီကျောင်းတွေက တက္ကသိုလ်ဝင် တန်းအောင်မြင်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ မြန်မာနိုင်ငံရှိ အများ ပြည်သူတက္ကသိုလ်ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခွင့်ရှိနေကြပါတယ်။

တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ကို ကူးပြောင်းကျင့်သုံးနေတဲ့ အချိန်အခါဖြစ်ပါတယ်။ တိုင်းပြည်မှာ ပြည်သူများက အုပ်ချုပ်သောစနစ်လို့ အဓိပ္ပာယ်ရတဲ့ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့စေဖို့ဆိုရင် ပညာရေးစနစ်တွေ အားကောင်းကောင်းနဲ့ အလုပ်လုပ်နေဖို့ လိုအပ်ပါတယ်။ ပညာရေးကို စနစ်တကျ တည်ဆောက်ရပါမယ်။ တိုင်းပြည်ရဲ့ ပညာရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အများပြည်သူပညာရေးစနစ်တွေ ကိုသာမကဘဲ ပုဂ္ဂလိကပညာရေးစနစ်တွေကိုလည်းပဲ တရားဝင်အလုပ်လုပ်နိုင်ဖို့ ပညာရေးဥပဒေတွေ သတ်မှတ်ပြဋ္ဌာန်းပေးရပါလိမ့်မယ်။

လက်ရှိ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေထဲက ကိုယ်ပိုင်ကျောင်း အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး အခန်း(1)၊ အပိုးဒ် (2) (က)မှာ အခုလိုဖွင့်ဆိုထားတာကို တွေ့ရပါတယ်။

(က) ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ပညာရေးအရည်အသွေးမြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်းဖြစ်စေ၊ အဆိုပါဘာသာရပ်များအတွက် သင်ခန်းစာများ ထမ်းဆောင်ရ်ျဖြစ်စေ လေ့ကျင့် သင်ကြားပေးသော ပုဂ္ဂလိကတည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်း ကိုဆိုသည်။

အထက်ပါဥပဒေကိုကြည့်ရင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်သော အခြေခံ ပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်တွေနဲ့ အဲဒီဘာသာရပ်တွေအတွက် ထပ်ဆောင်းသင်ကြားပေးတဲ့ သင်ခန်းစာတွေကိုပဲ ခွင့်ပြုထားတာတွေ့ရပါတယ်။ အဲဒီအတွက် နိုင်ငံတကာအဆင့်မီ သင်ရိုးတွေကို သင်ကြားနေကြတဲ့ ပုဂ္ဂလိကကျောင်းတွေကို ဘေးဖယ်ထုတ်ထားသလို ဖြစ်နေပါ တယ်။ အဲဒါကြောင့် အထက်ပါကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေဟာ ပြီးပြည့်စုံတဲ့ ပုဂ္ဂလိကပညာရေးဥပဒေလို့ မဆိုနိုင်ဘဲ ထပ်မံဖြည့်စွက်ဖို့ လိုအပ်နေ ပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာ နိုင်ငံတကာသင်ရိုးတွေကို သင်ကြားနေ ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို  နိုင်ငံသားမြင်နဲ့ ကြည့်ဖို့လည်း လိုအပ် ပါတယ်။ ဒီကျောင်းတွေကို ပုဂ္ဂလိကပညာရေးဥပဒေအရ တရားဝင်ခွင့်ပြု မပေးဘူးဆိုရင် အဲဒီကျောင်းတွေမှာ ပညာဆည်းပူးနေကြတဲ့ နိုင်ငံသား ကျောင်းသူ၊ ကျောင်းသားတွေ နစ်နာကြပါတယ်။ ဒီမိုကရေစီစနစ်အရပြောရရင် ပညာရေးလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတစ်ခုဖြစ်တာမို့ ပညာ ရေးလွတ်လပ်ခွင့်အရ နိုင်ငံတကာသင်ရိုးတွေနဲ့ သင်ကြားနေကြတဲ့ ပုဂ္ဂလိကကျောင်းတွေကိုလည်း တရားဝင်အသိအမှတ်ပြုပေးတဲ့ ပုဂ္ဂလိက ပညာ ရေးဥပဒေတွေ ထပ်မံလိုအပ်နေပါသေးတယ်။


တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းတွေဟာ တရားဝင်တယ်။ အဲဒီလို တရားဝင်တဲ့ အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ အာဏာပိုင်တွေကလည်း သူတို့ တက္ကသိုလ်နဲ့ပတ်သက်လာရင် အာဏာအပြည့်အ၀ရှိနေကြတာမို့ အဲးဒီပုဂ္ဂလိက ကျောင်းတွေက တက္ကသိုလ်ဝင်တန်းအောင်မြင်လာတဲ့ ကျောင်းသူ၊ ကျောင်းသား တွေကို လက်ခံခွင့်၊ လက်မခံခွင့်တွေကို သူတို့ဘာသာပဲ ဆုံးဖြတ်ကြတယ်။ ဒါကို ထပ်ပြောရရင် တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းသူ၊ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခွင့်ရကြတယ်။ ဒါဟာ နိုင်ငံ သားအခွင့်အရေးနဲ့လည်း ပတ်သက်ဆက်စပ်နေပြီး အဲဒီအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့သဘောလည်းဖြစ်ပါတ်ယ။

ဒါကြောင့် ယခုအခါမှာ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေထဲမှာ ပညာရေးဝန် ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အခြေခံပညာသင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိ ကာပါ ဘာသာရပ်တွေကို သင်တဲ့ ပုဂ္ဂလိကကျောင်းတွေကိုပါ တရားဝင်ထည့်သွင်း ပြဋ္ဌာန်းပေးဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာသင်ရိုးတွေကို သင်ကြားပေးနေတဲ့ ပုဂ္ဂလိကကျောင်းတွေက ကျောင်းသူ၊ ကျောင်းသား တွေလည်း မြန်မာနိုင်ငံမှာရှိနေတဲ့ မိမိတို့ကြိုက်နှစ်သက်ရာ တက္ကသိုလ်တွေကို တက်ရောက်သင်ကြားနိုင်ကြဖို့ ဖြစ်ပါတ်ယ။ ဒီလိုအဆုံးအဖြတ်တွေကို တက္ကသိုလ်အာဏာပိုင်တွေက ပြုလုပ်နိုင်ရမယ်။ အဲဒီအတွက်ကတော့ အများ ပြည်သူပညာရေးဥပဒေအောက်မှာ တက္ကသိုလ်အက်ဥပဒေတွေ ထပ်မံလိုအပ်နေ ပါဦးမယ်

အောင်နိုင်
Vol.1, No.26


တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပညာရေးစနစ်တွေ အားကောင်းခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေဦးစီးတဲ့ ပုဂ္ဂလိကပညာရေး အခန်းကဏ္ဍတွေ ဟာ ခေတ်စား ခဲ့ကြဖူး တယ်။ ဥပမာ ရန်ကုန်မှာဆိုရင် စိန့်ပေါကျောင်း၊ စိန့်ဖရန်စစ်ကျောင်း၊ စိန့်အောဂတ်စတင်းကျောင်း စိန့်ဂျွန်ကျောင်း၊ စိန့်မေရီကျောင်း စတာတွေဟာ တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီ ကျောင်းတွေဟာ အများပြည်သူကျောင်းတွေဖြစ်နေကြပါပြီ။

ဖော်ပြခဲ့တဲ့ ကျောင်းတွေဟာ အဲဒီအချိန်တုန်းက ကိုလိုနီခေတ် ဗြိတိသျှအစိုးရတွေနဲ့ တိုင်းပြည်လွတ်လပ်ရေး ရပြီးနောက် ပါလီမန်အစိုးရကတွေက သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေအရ တရားဝင် ခွင့်ပြုထား တဲ့ ကျောင်းတွေလည်း ဖြစ်ပါတယ်။ ဒီလိုပညာရေးတရား ဥပဒေတွေအရ တရားဝင်နေတဲ့အတွက် အဲဒီကျောင်းတွေက တက္ကသိုလ်ဝင် တန်းအောင်မြင်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဟာ မြန်မာနိုင်ငံ ရှိ အများ ပြည်သူတက္ကသိုလ်ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက် ပညာ သင်ကြားခွင့်ရှိနေကြပါတယ်။

တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ကို ကူးပြောင်းကျင့်သုံးနေတဲ့ အချိန်အခါဖြစ်ပါတယ်။ တိုင်းပြည်မှာ ပြည်သူများက အုပ်ချုပ်သောစနစ်လို့ အဓိပ္ပာယ်ရတဲ့ ဒီမိုကရေစီ စနစ် ရေရှည်တည်တံ့စေဖို့ဆိုရင် ပညာရေးစနစ်တွေ အားကောင်းကောင်းနဲ့ အလုပ်လုပ်နေဖို့ လိုအပ်ပါ တယ်။ ပညာရေးကို စနစ်တကျ တည်ဆောက်ရပါမယ်။ တိုင်းပြည်ရဲ့ ပညာရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် အများပြည်သူပညာရေးစနစ်တွေ ကိုသာမကဘဲ ပုဂ္ဂလိကပညာရေးစနစ်တွေကိုလည်းပဲ တရားဝင်အလုပ်လုပ်နိုင်ဖို့ ပညာရေးဥပဒေတွေ သတ်မှတ်ပြဋ္ဌာန်းပေးရပါလိမ့်မယ်။

လက်ရှိ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေထဲက ကိုယ်ပိုင်ကျောင်း အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး အခန်း(1)၊ အပိုးဒ် (2) (က)မှာ အခုလိုဖွင့်ဆိုထားတာကို တွေ့ရပါတယ်။

(က) ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ပညာရေးအရည်အသွေးမြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များ အတိုင်း ဖြစ်စေ၊ အဆိုပါဘာသာရပ်များအတွက် သင်ခန်းစာများ ထမ်းဆောင်၍ ဖြစ်စေ လေ့ကျင့် သင်ကြားပေးသော ပုဂ္ဂလိကတည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်း ကိုဆိုသည်။

အထက်ပါဥပဒေကိုကြည့်ရင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်သော အခြေခံ ပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်တွေနဲ့ အဲဒီဘာသာရပ်တွေအတွက် ထပ်ဆောင်းသင်ကြားပေးတဲ့ သင်ခန်းစာတွေကိုပဲ ခွင့်ပြုထားတာတွေ့ရပါတယ်။ အဲဒီအတွက် နိုင်ငံတကာအဆင့်မီ သင်ရိုးတွေကို သင်ကြားနေကြတဲ့ ပုဂ္ဂလိကကျောင်းတွေကို ဘေးဖယ်ထုတ်ထားသလို ဖြစ်နေပါ တယ်။ အဲဒါကြောင့် အထက်ပါကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေဟာ ပြီးပြည့်စုံတဲ့ ပုဂ္ဂလိကပညာရေးဥပဒေလို့ မဆိုနိုင်ဘဲ ထပ်မံဖြည့်စွက်ဖို့ လိုအပ်နေ ပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာ နိုင်ငံတကာသင်ရိုးတွေကို သင်ကြားနေ ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို နိုင်ငံသားမြင်နဲ့ ကြည့်ဖို့လည်း လိုအပ် ပါတယ်။ ဒီကျောင်းတွေကို ပုဂ္ဂလိကပညာရေးဥပဒေအရ တရားဝင်ခွင့်ပြု မပေးဘူးဆိုရင် အဲဒီကျောင်းတွေမှာ ပညာဆည်းပူးနေ ကြ တဲ့ နိုင်ငံသား ကျောင်းသူ၊ ကျောင်းသားတွေ နစ်နာကြပါတယ်။ ဒီမိုကရေစီစနစ်အရပြောရရင် ပညာရေးလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတစ်ခုဖြစ်တာမို့ ပညာရေးလွတ်လပ်ခွင့် အရ နိုင်ငံတကာသင်ရိုးတွေနဲ့ သင်ကြားနေကြတဲ့ ပုဂ္ဂလိကကျောင်းတွေကိုလည်း တရားဝင် အသိအမှတ်ပြုပေး တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေတွေ ထပ်မံလိုအပ်နေပါသေးတယ်။


တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းတွေဟာ တရားဝင်တယ်။ အဲဒီလို တရားဝင်တဲ့ အတွက် ရန်ကုန်တက္ကသိုလ် ရဲ့ အာဏာပိုင်တွေကလည်း သူတို့ တက္ကသိုလ်နဲ့ပတ်သက်လာရင် အာဏာ အပြည့်အ၀ရှိနေကြတာမို့ အဲဒီပုဂ္ဂလိက ကျောင်းတွေက တက္ကသိုလ်ဝင်တန်းအောင်မြင် လာတဲ့ ကျောင်းသူ၊ ကျောင်းသား တွေကို လက်ခံခွင့်၊ လက်မခံခွင့်တွေကို သူတို့ဘာသာပဲ ဆုံးဖြတ်ကြတယ်။ ဒါကို ထပ်ပြောရရင် တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းသူ၊ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခွင့်ရကြတယ်။ ဒါဟာ နိုင်ငံသားအခွင့်အရေးနဲ့လည်း ပတ်သက်ဆက်စပ်နေပြီး အဲဒီအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့သဘောလည်းဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေထဲမှာ ပညာရေးဝန် ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အခြေခံပညာသင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိ ကာပါ ဘာသာရပ်တွေကို သင်တဲ့ ပုဂ္ဂလိကကျောင်းတွေကိုပါ တရားဝင်ထည့်သွင်း ပြဋ္ဌာန်းပေးဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာသင်ရိုးတွေကို သင်ကြားပေးနေတဲ့ ပုဂ္ဂလိကကျောင်းတွေက ကျောင်းသူ၊ ကျောင်းသား တွေလည်း မြန်မာနိုင်ငံမှာရှိနေတဲ့ မိမိတို့ကြိုက်နှစ်သက်ရာ တက္ကသိုလ်တွေကို တက်ရောက်သင်ကြားနိုင်ကြဖို့ ဖြစ်ပါတယ်။ ဒီလိုအဆုံးအဖြတ်တွေကို တက္ကသိုလ်အာဏာပိုင်တွေက ပြုလုပ်နိုင်ရမယ်။ အဲဒီအတွက်ကတော့ အများ ပြည်သူပညာရေးဥပဒေအောက်မှာ တက္ကသိုလ်အက်ဥပဒေတွေ ထပ်မံလိုအပ်နေ ပါဦးမယ်

အောင်နိုင်
Vol.1, No.26

No comments:

Post a Comment