Tuesday, July 3, 2012

တောင်အာဖရိကပညာရေးအတွက် တရားရုံးချုပ်က ချမှတ်သောအမိန့်အား အစိုးရ နာခံ




ဇွန်လ ၁၄ ရက် ကြာသပတေးနေ့၌ တောင်အာဖရိကနိုင်ငံပညာရေးဌာနက ဗဟိုတရားရုံးချုပ်က ချမှတ်
ခဲ့သော ပုဂ္ဂလိကစာသင်ကျောင်း ၅၀၀၀ ကို ဖြန့်ဝေပေးခြင်းမရှိသည့် ပြဌာန်းစာအုပ်များအားလုံးလိုလို ကို
ထောက်ပံ့ပေးပြီးပါပြီဟု ပြောဆိုခဲ့သည်။ ဒါပေမယ့်လည်း တောင်အာဖရိကကျောင်းသားများ၏အခွင့်အရေး
ဆုံးရှုံးမူသည် လုံးဝပြီးဆုံးသွားပြီ ထင်ရသော်လည်း သံသယများဟာ ကျန်နေတုန်းပါပဲ။
ပြီးခဲ့သည့်လက ဗဟိုတရားရုံးချုပ်က အခြေခံပညာဝန်ကြီးဌာနကို ဇွန်လ ၁၅ ရက်အမီ ပြဌာန်းစာအုပ်များ
ထောက်ပံ့ရန် စီရင်ချက်အမိန့်ချမှတ်ခဲ့ပါသည်။
ဌာနက စာအုပ်များ၏ ၉၉ ရာခိုင်နှုံးကို ကျောင်းပေါင်း ၅၀၀၀သို့ပေးပို့ပြီးပြီဟုပြောပါသည်။ တောင်အာဖရိက
မြောက်ပိုင်းရှိ လင်ပိုပိုပြည်နယ်တွင် နှစ်တစ်ဝက်နီးပါး ပြဌာန်းစာအုပ်များ မရှိပဲ သင်ကြားခဲ့ရသည်။ ပြည်သူ
များ၏ အခြေခံအခွင့်အရေးများကို ပညာရေးတွင် အပြည့်အ၀မရရှိပဲ အခွင့်အရေးချိုးဖောက်ခံရမှုများရှိခဲ့ပါ
တယ်လို့လည်း တရားရုံးက ချမှတ်သော ဆုံးဖြတ်ချက်တွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ တောင်အာဖရိက
ရှိ ပြည်သူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်မှာ "ဒါပေမယ့်လည်း ကျွန်တော်တို့
ကြောက်နေတုန်းပါပဲ၊သတင်းတချို့ဟာ တိကျမှန်ကန်မှုမရှိပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်" လို့ပြောဆိုပါတယ်။
"လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ မူလတန်းကျောင်းတစ်ကျောင်းက ကြားပါတယ်၊ သူတို့မှာ ပြဌာန်းစာအုပ်
လုံးဝမရှိဘူးတဲ့" လို့လည်း ဖြည့်စွက်ပြောပါသည်။
အကျပ်အတည်းကြုံနေရတဲ့ ပြည်နယ်တွေမှာရှိသော အတန်းအမျိုးမျိုးကို ဖြန့်ဝေရန်စာအုပ်တွေ မရှိခဲ့ပါချေ။
ထိုပြည်နယ်များကို အစိုးရက ပညာရေးကို လွှဲပြောင်းရယူလိုက်ကတည်းက ဖြစ်ပါသည်။ထို့အတူပင် အခြား
သောလုပ်ငန်းများသည်လည်း ပျက်စီးခြင်းမက ပျက်စီးခဲ့ရပါသည်။ ယခုစီရင်ချက်ကြောင့် ကျောင်းပေါင်း
၅၀၀၀ကျော်တွင်ရှိသော ကျောင်းသား ၁.၇ သန်းကျော်ကို အကျိုးသက်ရောက်မှုရှိစေပါသည်ဟု ပညာရေး
အခွင့်အရေးတောင်းဆိုသူများက အစိုးရစာရင်းအင်းများကို ကိုးကား၍ ပြောခဲ့ပါသည်။
အခြေခံပညာဦးစီးဌာနသည် ဗဟိုတရားရုံးချုပ်၏ နောက်ဆုံးအချိန်ပေးသည်ကို လွဲချော်ခဲ့ပါသည်။ ယခု
အပတ်မှာတော့ အလုပ်ပြန်လုပ်ခဲ့သည်။စာသင်သားများအတွက် မသိရှိနိုင်သော ကုန်ကျစရိတ်များနှင့်
အတူ သည်လိုဖြစ်ရပ်များသည် ၀မ်းနည်းဖွယ်ကောင်းတဲ့အခြေအနေဆိုးကြီးပါပဲ ဒီကိစ္စ္စ္စမပြီးသေးပါဘူး၊
ထိရောက်တဲ့စီမံကိန်းတွေကို ပြီးမြောက်အောင်မြင်စေဖို့ဖြစ်ကိုဖြစ်ရစေမယ် လို့ ပြည်သူ့အခွင့်အရေးစောင့်
ကြည့်လေ့လာရေးအဖွဲ့က ပြောဆိုခဲ့ပါသည်။ လစဉ်အစီရင်ခံစာကိုလည်း ဖြည့်စွက်ပြီး အရာရှိများမှနေ၍
တရားရုံးချုပ်ကို တင်ပြရမယ် လို့လည်း ပါရှိပါသည်။
သူတို့က အရာရှိတွေဟာ နောက်ကျပြီးလာတယ်၊ ဌာနဟာလည်း ဒီကိစ္စမှာ လုံးဝအကြင်နာကင်းတဲ့ဌာနလို့ စွပ်စွဲခဲ့ပါသည်။ နောက်ပြီး ၀န်ကြီးနဲ့ အစည်းအဝေးလုပ်ဖို့တောင်းဆိုခဲ့သည်။ ပညာတတ်ဖို့နဲ့ ကျွန်တော်တို့
လူငယ်တွေ ကျွမ်းကျင်ဖို့သူတို့ရဲ့အခွင့်အရေးတွေဟာအခြေခံပညာက တဆင့်ရဖို့ဆိုတဲ့ အရေးပါတဲ့စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ဖို့ တစ်စက္ကန့်တောင် နောက်ကျနေလို့ မဖြစ်ဘူးလို့ သူတို့ကဆိုပါသည်။
ပညာရေးစနစ်ကြီးမှာရှိသော လာဘ်စားမှုတွေ၊လွဲမှားတဲ့အုပ်ချုပ်မှုတွေဟာကျွန်တော်တို့တိုင်းပြည်ရဲ့အစိတ်
အပိုင်းများကိုသတ်ဖြတ်ခြင်း၊ သန်းပေါင်းများစွာသောစာသင်သားတွေကို အကျိုးမဲ့စေခြင်းတို့ဖြစ်နေပါသည်
ဟုလည်း ပြောဆိုပါသည်။
တောင်အာဖရိကအစိုးရသည် ၎င်းတို့၏များပြားလှသောဘဏ္ဍာငွေများကို ပညာရေးလုပ်ငန်းများတွင် သုံးစွဲ
သော်လည်းလမ်းတွင်ပျောက်ဆုံးနေသည့်အတွက် ကျောင်းများမှာ ဆုံးရှုံးခြင်းများနှင့်သာကြုံတွေ့နေရသည်။
အခြေခံအဆောက်အအုံချို့တဲ့ခြင်းမှသည် စာမတတ်မြောက်မှုသို့ ဦးတည်သွားနေသောပြဿနာများအဖြစ်
လည်း လက်ရှိတွင် ရင်ဆိုင်နေရပါသည်။
                    ဦးဦးကျော်ဘွား(ရန်ကင်း)
( နယူးယောက်တိုင်းသတင်းစာမှ သတင်းကို ကိုးကား၍ ရေးသားပါသည်)

No comments:

Post a Comment