Wednesday, July 18, 2012

အာဇာနည်နေ့အခမ်းအနားပြုလုပ်ခြင်း


အာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနားအကျဉ်းသွေးသစ်ကျောင်းတွင်ပြုလုပ်
ကျွန်တော်တို့ကျောင်းလေးတွင်အာဇာနည်နေ့အောင်းမေ့ဖွယ်အခမ်းအနားကို အစီအစဉ် (၅)ခုဖြင့် နေ့လည် ၂ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားအစီအစဉ်များမှာ (၁) အာဇာနည်နေ့အကြောင်းမိတ်ဆက်ခြင်း (၂) ကျောင်းအုပ်ဆရာကြီးဦးဇော်လွင်ဦးမှ သူ့ခေတ်သူ့အခါကအာဇာနည်နေ့အကြောင်းဟောပြောခြင်း(၃) ဆရာဦးငြိမ်းမှ အာဇာနည်ဆောင်ပုဒ်များကိုပြောကြားခြင်းနှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းသီချင်း သီဆိုပြခြင်း (၄) ဆရာဦးသန့်စင်မှ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး မှသည် ငြိမ်းချမ်းသောပြည်ထောင်စုသစ်သို့ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း (၅) အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
ကိုယ့်မြေကိုယ့်ရေပေါ်တွင် အခမ်းအနားကျင်းပရန်ခက်ခဲလွန်းနေသည့်အချိန်တွင် ဖြစ်သည့်နေရာတွင် ရသည့်အချိန်ကို ယူကာ အမျိုးသားရေးတာဝန်ကို တဖက်တလမ်းမှ ကျေပွန်အောင် မျိုးဆက်သစ်ကလေးများကို ဖြန့်ဝေသကဲ့သို့ ပြည်တွင်းတွင်လည်း အခမ်းအနားများအောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဆန္ဒပြုရင်း

Friday, July 13, 2012

ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသောဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း


Blogger Widgets

 
၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
by Burma Ter Tee on Thursday, July 12, 2012 at 8:01pm ·
။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင်
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ နှင့်
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော
ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
( ဗိုလ်ဥတ္တမကျော် )

*****************************************************************************



ရဲဘော်တို့----



ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။



ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။



ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများ

ရတာနဲ့ တပြိုင်နက်ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။
ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ
ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။


ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခုဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်

။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို
ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။


ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထား တာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။



တကယ့်သစ္စာဖြစ်ရမယ်



ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ် စောင့်ရှောင့်ဖို့ နိုင်ငံနှင့် အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ် ။အဲဒီလိုစောင့်တဲ့ သစ္စာ ဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တစ်ယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။



တော်အောင်ကြိုးစားကြပါ



ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။



ရာထူးအဆင့်အတန်း



ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဘူးတယ် ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတတ်သေးရင် နောက် တစ်နေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစ၇ာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန်လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာ ခံဘူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူ မှတတ်မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။



တန်ခိုးပြဘို့မဟုတ်



တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေ တွေဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှင်းခြင် တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။



မှန်ကန်သော လူမျိုးရေးတရား



လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရ မှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင် ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာဘဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာဘဲ ရှမ်းဘဲ ကရင်ဘဲ ချင်းဘဲ စသဖြင့် ခွဲစရာ မလိုဘူး။


ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာဘဲ။



ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာဘဲ။



လူကြီးဆိုတာ ဘာလဲ



နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာ ကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့--- ဘာကြီးရဲ့--- နဲ့လာမျှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျှူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။



ဘယ်တော့မှ သစ္စာမဖောက်



နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေ ဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာရာဇဝင်သမိုင်းတွေက

ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်း လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။


သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတစ်ခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။



စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ



နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။



ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းဘဲ။ ။






http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835


Share via . .

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉) by Ernesto Kee Ling on Sunda


( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည် )

လူငယ်များအတွက်အကောင်းဆုံးသြ၀ါဒများ


Blogger Widgets


 
ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊

၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ဖားတစ်ပိုင်းငါးတစ်ပိုင်းများရဲ့ပညာရေးအစီင်္အစဉ်


Blogger Widgets


Photo: အခြေခံပညာကဏ္ဍ၏ ပညာသင်နှစ်များကို သူငယ်တန်းအပါအ၀င်  ၁၁ နှစ်မှ ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အခြေခံပညာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံစနစ်များကို နိုင်ငံတကာအဆင့်မီစေရေးအတွက် ရည်ရွယ်ကာ ပညာသင်နှစ်များကိုတိုးချဲ့ရန် ဆွေးနွေးကြခြင်းများဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍပညာရေး ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေး နွေးခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံပညာကို သူငယ်တန်း အပါအ၀င် မူလတန်း လေးနှစ်၊ အလယ်တန်းလေးနှစ်နှင့် အထက်တန်းနှစ်နှစ် စုစုပေါင်းအခြေခံ ပညာကဏ္ဍ စာသင်နှစ် ၁၁ နှစ်မှ သူငယ်တန်းမပါ မူလတန်း ခြောက်နှစ်၊ အလယ်တန်းသုံးနှစ်နှင့် အထက်တန်း သုံးနှစ် စုစုပေါင်း အခြေခံပညာကို ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

''အခြေခံပညာကဏ္ဍမှာ ပညာသင်နှစ်တွေ ထပ်တိုးဖို့ အစီအစဉ်တွေက လက်ရှိအခြေအနေမှာတော့ ထည့်သွင်း ဆွေးနွေးနေကြဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်''ဟု နေပြည်တော်ရှိ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။


''အခြေခံပညာကဏ္ဍမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ သူငယ်တန်း အပါ(၅း၎း၂)အစား သူငယ်တန်းမပါ (၆း၃း၃)ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းဖို့အတွက် ဆွေးနွေးနေပါတယ်။ ဒါကလည်း နိုင်ငံတကာအဆင့်မီဖို့ အတွက်လို့ သိရပါတယ်။ မြန်မာကလေးတွေ အနေနဲ့ အသက် ငါးနှစ်အရွယ်မှာ သူငယ်တန်းစ၀င်ပြီး တစ်နှစ်တစ်တန်း ပုံမှန်အောင်မယ်ဆိုရင်ပဲ အသက် ၁၄ နှစ်လောက်မှာ န၀မတန်းရောက်မယ်။  ၁၅ နှစ် ၁၆ နှစ်လောက်မှာ တက္ကသိုလ် ၀င်တန်းဖြေမယ်။ နိုင်ငံတကာပညာ ရေးမှာကျတော့ အသက် ၁၂၊ ၁၃၊ ၁၄ နှစ်လောက်မှာ အလယ်တန်းပညာရေး အဆင့်ဖြစ်ပြီးတော့ စာပေပညာအခြေခံ တွေအပြင် လူမှုဆက်ဆံရေးနဲ့ကာယ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုဖြည့်ဆည်း ပေးတဲ့အတန်းအဆင့်ဖြစ်နေပါတယ်။ ဒီတော့ နိုင်ငံတကာကအလယ်တန်း အဆင့် သင်ယူနေရတဲ့အသက်အရွယ် လောက်မှာ မြန်မာနိုင်ငံက ကလေးတွေ က တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်နေကြရလေတော့ မြန်မာကလေးအများစုက နိုင်ငံတကာနဲ့ယှဉ်ရင် ကာယဖွံ့ဖြိုးမှုတွေ နောက်ကျနေတာကို တွေ့ရှိနေရပါတယ်။ ဒါ ကြောင့်စာသင်နှစ်တွေကို တိုးချဲ့လိုက်ပြီး ကာယဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အချိန်ယူလေ့ကျင့် ပြုစုသင်ကြားပေးနိုင်အောင် စာသင်နှစ်တွေ တိုးချဲ့သွားဖို့ ဆွေးနွေး ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အခြေခံပညာအသိုင်းအ၀ိုင်းမှ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောပြသည်။

သို့ရာတွင် ယင်းကဲ့သို့ အများနှင့် သက်ဆိုင်ပြီး အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့် ကဏ္ဍများကို ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးကြရာတွင်လည်း ပြည်သူလူထုအား ချပြအသိပေးသင့်ပြီး ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း ပြည် သူအများကလည်း ရှုမြင်သုံးသပ်ခဲ့ကြပါသည်။

''တကယ်တော့ ပညာရေးကို နိုင်ငံတကာအဆင့်မီ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် ပညာသင်နှစ်တွေ တိုးချဲ့ဖို့ ဆွေးနွေးနေတာထက် လက်ရှိ ပညာရေးဖြစ်စဉ်တွေကိုသာ တိုးတက်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာ့ပညာရေးစနစ်မှာက မြို့ပြနဲ့ ကျေးလက်တောင် မတူပါဘူး။ ပြီးတော့ ကျောင်းသားနဲ့ဆရာ အချိုး၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်နဲ့ ပညာဆက်လက် သင်ယူနိုင်မယ့် အခွင့်အရေး စတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပညာရေးမှာ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး ကိုတိုးမြှင့်ပေးဖို့တွေက အဓိကလိုအပ်နေတာ ဖြစ်ပါတယ်။ ဒါတွေကိုမှ မဖြေရှင်းနိုင်သေးဘဲ ပညာသင်နှစ်တွေကိုပဲ တိုးချဲ့သွားမယ်ဆိုရင်တော့ မြန်မာ့ပညာရေးဟာ အလှမ်းကျယ်ပြီး အလယ်လပ်နေသလို ကစဥ့်ကလျားနဲ့ အကျိုးမရှိဘဲ ဖြစ်နေပါလိမ့်မယ်''ဟု ၎င်းက ဆက် လက်ပြောပြခဲ့ပါသည်။

အခြေခံပညာပြီးဆုံးရန် စာသင်နှစ် ၁၂ နှစ် (သူငယ်တန်းမပါ) ထားရှိသော နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ အစ္စရေး စသည့် နိုင်ငံများဖြစ်ကြပြီး ဘရူနိုင်း၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံ များတွင် အခြေခံပညာပြီးဆုံးရန် ၁၃ နှစ် နှင့်အထက် ထားရှိသည်ဟု သိရှိရပြီး မြန်မာ့ပညာရေးစနစ်ကိုလည်း အလားတူ နိုင်ငံတကာအဆင့်မီစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သော် လည်း လက်ရှိ ပညာရေးကဏ္ဍတွင် ထိရောက်မှုရှိစေသည့် ကဏ္ဍများကိုသာ တိုးတက်ရေး အတွက် လုပ်ဆောင်သင့်ကြောင်း အခြေခံပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောကြားခဲ့ပါသည်။

''မြန်မာ့ပညာရေး တိုးတက်မှုဟာ တကယ်တော့ နှစ်ပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ သင်ကြားတဲ့နည်းစနစ်နဲ့ အနှစ်သာရနဲ့ ပညာရေးပေါ်မှာ ရင်းနှီးမြှုပ်နှံမှု စတာတွေပေါ်မှာပဲ မူတည်နေတာပါ။ အဲဒါတွေပေါ်မှာ အဓိကအာရုံစိုက် လုပ်ဆောင်ရမှာပါ။ အဲဒါတွေကို အရင်မလုပ်ဘဲ မနိုင်မနင်းတွေ ထပ်လုပ်နေရင် မြန်မာ့ပညာရေးမှာ အားလုံး ပရမ်းပတာ ဖြစ်သွားကြမှာပါ။ အကျိုးရှိလာဖို့က ရာနှုန်းပြည့် သေချာမှု မရှိလာနိုင်ပါဘူး''ဟု စာသင်နှစ်သက်တမ်း (၅၀) ရှိ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။

''လက်ရှိဖြစ်နေတာက နယ်ဘက်တွေမှာ လက်ရှိပညာရေးစနစ်နဲ့တင် မူလတန်းပြီးဆုံးအောင် တက်နိုင်ဖို့က အဟောသိကံဖြစ်နေပါတယ်။ နယ်ဘက်တင်မကပါဘူး။ ရန်ကုန်မြို့မှာလည်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ လည်း မူလတန်းပြီးဆုံးအောင် မထားနိုင်ကြတာတွေလည်း ရှိနေပါတယ်။  တစ်တန်း၊ နှစ်တန်းနဲ့တင် ကလေးတွေကို ကျောင်းထုတ်ပြီး အလုပ်ထွက်လုပ်ခိုင်းနေကြတာမျိုးတွေလည်း ဒုနဲ့ဒေး အများကြီးရှိနေပါတယ်။ အဲဒီလိုဖြစ် နေတာတွေကို အရင်မကုစားဘဲနဲ့ ပညာသင်နှစ်တွေ တိုးချဲ့ဖို့ စီစဉ်နေကြတယ်ဆိုတာက လုံးဝမသင့်တော်ပါဘူး။ ဒီစနစ်ကို လုပ်ဆောင်ဖို့အတွက် ဆရာတွေပိုခန့်၊ စာသင်ကျောင်းတွေ တိုးချဲ့ ထပ်ပြီး လုပ်ကြရမှာပါ။ ဘတ်ဂျက်တွေလည်း အများကြီး ထပ်ဖြည့်ရမှာပါ။ ဒါကြောင့် ကောင်းစေချင်ရင် နှစ်တိုးတာ အဓိကမဟုတ်ဘူး။ ပညာရေးအတွက် Facility တွေ ထပ်တိုးဖို့၊ ပညာရေးအသုံးစရိတ်တွေ ထပ်တိုးဖို့၊ အရည်အချင်းမီတဲ့ ဆရာတွေဖြစ်အောင် ပြုစုလေ့ကျင့်ပေးဖို့ စတာတွေကို အရင်လုပ် သင့်ပါတယ်''ဟု ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ပြည်တွင်းအန်ဂျီအိုတစ်ခုမှ အငြိမ်းစားသံအမတ်ကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

ပညာရေးပေါ်လစီများ ပြုပြင်ပြောင်းလဲရန် စီစဉ်မည်ဆိုပါကလည်း  မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူလူထု၊ မိဘ၊ ကျောင်းသား၊ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီး ပါဝင်ဆွေးနွေးပြီး ဆန္ဒဖော်ထုတ် အကြံပြုနိုင်ရန်၊ အဆိုပြုချက်များအား စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲသင့်သည်များကို အဆိုပါ ဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေးကြရန်၊ နှီးနှောဖလှယ်ပွဲများ ကျင်းပသည့်အခါတွင် လည်း ကျောင်းသားကဏ္ဍ၊ မိဘကဏ္ဍ၊ ဆရာ့ကဏ္ဍ၊ နိုင်ငံတော်ကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်သူအများက ရှုမြင်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

စာသင်နှစ်များ တိုးမြှင့်ရန် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ကျောင်းသားမိဘများ၏ သဘောထားနှင့် အမြင်များကို မေးမြန်းကြည့်ရာတွင်လည်း ''နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါမှာ အညမည ဖြစ်စဉ်ကြီး သုံးရပ်နဲ့ ကိုက်ညီမှ ရေရှည်တည်တဲ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ အဲဒီအညမည ဖြစ်စဉ်ကြီးသုံးရပ်ထဲက ပထမဆုံးဖြစ်စဉ်က 'စီးပွားရေး အခြေခံနဲ့ အပေါ်ထပ် အညမညဖြစ်စဉ်'ပါ။ စီးပွားရေး အခြေခံကတော့ လူတိုင်းသိပါတယ်။ အပေါ်ထပ် အဆောက်အအုံဆိုတာကတော့ စာပေ၊ ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊  အားကစား စတာတွေပါ။ စီးပွားရေး အခြေခံကို ပြောင်းချင်ရင် နေ့ချင်း၊ ညချင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း စီမံကိန်းတွေချပြီး ၀ုန်းကနဲပြောင်းလိုက်လို့ရတယ်။ ဒါပေမယ့် အပေါ်ထပ် အဆောက်အအုံတွေကိုတော့ စီးပွားရေး အခြေခံပြောင်းသလို ပြောင်းလို့မရဘူး။ ပြောင်းလဲလာတဲ့ စီးပွားရေး အခြေခံပေါ်မူတည်ပြီး သူ့အလိုလို တရွေ့ရွေ့လိုက်ပြီး ပြောင်းလဲရမှာဖြစ်ပါတယ်'' တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးက ပြောပြခဲ့ပါသည်။

ရန်ကင်းမြို့နယ်မှ ကျောင်းသား မိဘတစ်ဦးကလည်း ''အန်တီတို့ခေတ်တုန်းက သူငယ်တန်းကနေ အထက်တန်းအထိ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းစာကို ကျောင်းမှာသင်ပြီး အိမ်ရောက်တာနဲ့ လွယ်အိပ်ကို ပစ်ချပြီး မီးကုန်ယမ်းကုန်ပဲ ကစားပွဲဆင်နွှဲဖို့ လုံး ပမ်းကြတာ နေ့စဉ်နေ့တိုင်းပါပဲ။ ညဘက်ဆိုရင်လည်း ၁၀ နာရီကျော်အထိ စာကျက်လိုက်ရင်ပဲ အတန်းထဲမှာ အဆင့်(၁)(၂)(၃)ကို ပြေးမလွတ်တော့ပါဘူး။ အခုခေတ် ကလေးတွေကို အန်တီတို့က သနားမိပါတယ်။ စာတွေကို ကျောင်းမှာလည်း ဖတ်ရ၊ ကျူရှင်မှာလည်း ဖတ်ရ၊ အိမ်မှာလည်း ဖတ်ရနဲ့ အိပ်ရေးလည်းမ၀၊ ကိုယ်လက်လှုပ်ရှားမှုဆိုတာလည်း မရှိ၊ အဲဒီတော့ ကလေးတွေရဲ့ မျက်လုံးလေးတွေလည်း မတောက်ပကြတော့ဘူး။ သိုးကလေးတွေနဲ့ တူနေတယဲ''ဟု သုံးသပ် ပြောဆိုခဲ့ပါသည်။ 

ဆက်လက်၍ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးကလည်း ''ကျွန်မတို့ အခုပညာရေးစနစ်နဲ့တောင် ကလေးတွေကို မူလတန်းပြီးအောင်ထားဖို့ဆိုတာ တော်တော်စဉ်းစားရကျပ်နေချိန်မှာ စာသင်နှစ်တွေ ထပ်တိုးမယ်ဆိုရင်တော့ ကလေးတွေရဲ့ ပညာရေးက တော်တော် ခက်ခဲသွားလိမ့်မယ်။ အခုတောင် ကျွန်မကလေးတွေက မိသားစုစားဝတ်နေရေးအတွက်ကို တစ်ဖက်တစ်လမ်းကနေ ကျောင်းမတက်ခင်နဲ့ ကျောင်းဆင်းပြီးအချိန်တွေမှာ ဈေးဝိုင်းရောင်းပေးနေရတာနဲ့တင် သူတို့အတွက် စာကျက်ချိန်ဆိုတာ နည်းနေရတာပါ။ ကျွန်မ  တို့လည်း ဒီမူလတန်းပြီးအောင်တောင် မနည်းအားတင်းပြီး ကျောင်းထားနေရတာပါ''ဟု ပြောပြခဲ့ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ အများ ပြည်သူနှင့်သက်ဆိုင်သော၊ အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသော ကဏ္ဍများ ပြုပြင်ပြောင်းလဲရန် စီစဉ်ရာတွင် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလူထုကို ချပြအသိပေး၍ ဆွေးနွေး အကြံပြုချက်များ ရယူပြီးမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ နိုင်ငံတကာ အဆင့်မီကောင်းမွန်သည့် ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် စီစဉ်နေမှုများအပေါ် ကဏ္ဍပေါင်းစုံမှ တောင်းဆိုဆန္ဒပြုခဲ့ကြပါသည်။ 

Ref:EMG
အခြေခံပညာကဏ္ဍ၏ ပညာသင်နှစ်များကို သူငယ်တန်းအပါအ၀င် ၁၁ နှစ်မှ ၁၃ နှစ်သို့ ပြင်ဆင် ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အခြေခံပညာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်း တည်ဆောက်ပုံ စနစ်များကို နိုင်ငံတကာ အဆင့်မီစေရေး အတွက် ရည်ရွယ်ကာ ပညာသင်နှစ်များ ကိုတိုးချဲ့ ရန် ဆွေးနွေးကြခြင်း များဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍ ပညာရေး ဆွေးနွေး ပွဲများသို့ တက်ရောက်ဆွေး နွေး ခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့်နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ် အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံ ပညာကို သူငယ်တန်း အပါအ၀င် မူလတန်း လေးနှစ်၊ အလယ်တန်းလေးနှစ်နှင့် အထက်တန်းနှစ်နှစ် စုစုပေါင်းအခြေခံ ပညာကဏ္ဍ စာသင်နှစ် ၁၁ နှစ်မှ သူငယ်တန်းမပါ မူလတန်း ခြောက်နှစ်၊ အလယ်တန်း သုံးနှစ်နှင့် အထက်တန်း သုံးနှစ် စုစုပေါင်း အခြေခံပညာကို ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

''အခြေခံပညာကဏ္ဍမှာ ပညာသင်နှစ်တွေ ထပ်တိုးဖို့ အစီအစဉ်တွေက လက်ရှိအခြေအနေမှာတော့ ထည့်သွင်း ဆွေးနွေးနေကြဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်''ဟု နေပြည်တော်ရှိ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။


''အခြေခံပညာကဏ္ဍမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ သူငယ်တန်း အပါ(၅း၎း၂)အစား သူငယ်တန်းမပါ (၆း၃း၃)ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းဖို့အတွက် ဆွေးနွေးနေပါတယ်။ ဒါကလည်း နိုင်ငံတကာအဆင့်မီဖို့ အတွက်လို့ သိရပါတယ်။ မြန်မာကလေးတွေ အနေနဲ့ အသက် ငါးနှစ်အရွယ်မှာ သူငယ်တန်းစ၀င်ပြီး တစ်နှစ်တစ်တန်း ပုံမှန်အောင်မယ်ဆိုရင်ပဲ အသက် ၁၄ နှစ်လောက်မှာ န၀မတန်းရောက်မယ်။ ၁၅ နှစ် ၁၆ နှစ်လောက်မှာ တက္ကသိုလ် ၀င်တန်းဖြေမယ်။ နိုင်ငံတကာပညာ ရေးမှာကျတော့ အသက် ၁၂၊ ၁၃၊ ၁၄ နှစ်လောက်မှာ အလယ်တန်းပညာရေး အဆင့်ဖြစ်ပြီးတော့ စာပေပညာအခြေခံ တွေအပြင် လူမှုဆက်ဆံရေးနဲ့ကာယဖွံ့ဖြိုးတိုးတက်ရေးတွေကိုဖြည့်ဆည်းပေးတဲ့အတန်းအဆင့်ဖြစ်နေပါတယ်။ ဒီတော့ နိုင်ငံတကာကအလယ်တန်း အဆင့် သင်ယူနေရတဲ့အသက်အရွယ် လောက်မှာ မြန်မာနိုင်ငံက ကလေးတွေ က တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်နေကြ ရလေတော့ မြန်မာ ကလေးအများစုက နိုင်ငံတကာနဲ့ယှဉ်ရင် ကာယဖွံ့ဖြိုးမှုတွေ နောက်ကျနေတာ ကို တွေ့ရှိနေရပါတယ်။ ဒါ ကြောင့်စာသင်နှစ်တွေကို တိုးချဲ့လိုက်ပြီး ကာယဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အချိန်ယူလေ့ကျင့် ပြုစုသင်ကြားပေးနိုင်အောင် စာသင်နှစ်တွေ တိုးချဲ့သွားဖို့ ဆွေးနွေး ညှိနှိုင်းနေကြ ဆဲ ဖြစ်ပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အခြေခံပညာအသိုင်းအ၀ိုင်းမှ အငြိမ်း စားကျောင်းအုပ် ဆရာကြီးတစ်ဦးက ပြောပြသည်။

သို့ရာတွင် ယင်းကဲ့သို့ အများနှင့် သက်ဆိုင်ပြီး အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့် ကဏ္ဍ များကို ပြုပြင်ပြောင်းလဲရန် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးကြရာတွင်လည်း ပြည်သူလူထုအား ချပြ အသိပေးသင့်ပြီး ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း ပြည်သူအများကလည်း ရှုမြင်သုံးသပ်ခဲ့ကြပါသည်။

''တကယ်တော့ ပညာရေးကို နိုင်ငံတကာအဆင့်မီ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် ပညာသင်နှစ်တွေ တိုးချဲ့ဖို့ ဆွေးနွေးနေတာထက် လက်ရှိ ပညာရေးဖြစ်စဉ်တွေကိုသာ တိုးတက်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာ့ပညာရေးစနစ်မှာက မြို့ပြနဲ့ ကျေးလက်တောင် မတူပါဘူး။ ပြီးတော့ ကျောင်းသားနဲ့ဆရာ အချိုး၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းပြင်ပရောက်ကလေးသူငယ်နဲ့ ပညာဆက်လက်သင်ယူနိုင်မယ့် အခွင့်အရေး စတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပညာရေးမှာ သင်ကြားပေးမယ့်ဆရာ၊ဆရာမတွေရဲ့ အရည်အသွေး ကိုတိုးမြှင့်ပေးဖို့တွေက အဓိကလိုအပ်နေတာ ဖြစ် ပါတယ်။ ဒါတွေကိုမှ မဖြေရှင်းနိုင်သေးဘဲ ပညာသင်နှစ်တွေကိုပဲ တိုးချဲ့သွားမယ်ဆိုရင်တော့ မြန်မာ့ ပညာရေးဟာ အလှမ်းကျယ်ပြီး အလယ်လပ်နေသလို ကစဥ့်ကလျားနဲ့ အကျိုးမရှိဘဲ ဖြစ်နေပါလိမ့်မယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။

အခြေခံပညာပြီးဆုံးရန် စာသင်နှစ် ၁၂ နှစ် (သူငယ်တန်းမပါ) ထားရှိသော နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ အစ္စရေး စသည့် နိုင်ငံများဖြစ်ကြပြီး ဘရူနိုင်း၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံ များတွင် အခြေခံပညာပြီးဆုံးရန် ၁၃ နှစ် နှင့်အထက် ထားရှိသည်ဟု သိရှိရပြီး မြန်မာ့ပညာရေးစနစ်ကိုလည်း အလားတူ နိုင်ငံတကာ အဆင့်မီစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သော်လည်း လက်ရှိ ပညာရေးကဏ္ဍတွင် ထိရောက်မှုရှိစေသည့် ကဏ္ဍများကိုသာ တိုးတက်ရေး အတွက် လုပ်ဆောင်သင့်ကြောင်း အခြေခံပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောကြားခဲ့ပါသည်။

''မြန်မာ့ပညာရေး တိုးတက်မှုဟာ တကယ်တော့ နှစ်ပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ သင်ကြားတဲ့ နည်းစနစ်နဲ့ အနှစ်သာရနဲ့ ပညာရေးပေါ်မှာ ရင်းနှီးမြှုပ်နှံမှု စတာတွေပေါ်မှာပဲ မူတည်နေတာပါ။ အဲဒါတွေပေါ်မှာ အဓိကအာရုံစိုက် လုပ်ဆောင်ရမှာပါ။ အဲဒါတွေကို အရင်မလုပ်ဘဲ မနိုင်မနင်းတွေ ထပ်လုပ်နေရင် မြန်မာ့ပညာရေးမှာ အားလုံး ပရမ်းပတာ ဖြစ်သွားကြမှာပါ။ အကျိုးရှိလာဖို့က ရာနှုန်းပြည့်သေချာမှု မရှိလာနိုင်ပါဘူး''ဟု စာသင်နှစ်သက်တမ်း (၅၀) ရှိ အငြိမ်းစား ကျောင်းအုပ် ဆရာကြီးတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။

''လက်ရှိဖြစ်နေတာက နယ်ဘက်တွေမှာ လက်ရှိပညာရေးစနစ်နဲ့တင် မူလတန်းပြီးဆုံးအောင် တက်နိုင်ဖို့က အဟောသိကံဖြစ်နေပါတယ်။ နယ်ဘက်တင်မကပါဘူး။ ရန်ကုန်မြို့မှာလည်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ မှာလည်း မူလတန်းပြီးဆုံးအောင် မထားနိုင်ကြတာတွေလည်း ရှိနေပါတယ်။ တစ်တန်း၊ နှစ်တန်းနဲ့တင် ကလေးတွေကို ကျောင်းထုတ်ပြီး အလုပ်ထွက်လုပ်ခိုင်းနေကြတာမျိုးတွေလည်း ဒုနဲ့ဒေး အများကြီးရှိနေ ပါတယ်။ အဲဒီလိုဖြစ်နေတာတွေကို အရင်မကုစားဘဲနဲ့ ပညာသင်နှစ်တွေ တိုးချဲ့ဖို့ စီစဉ်နေကြတယ် ဆိုတာက လုံးဝမသင့်တော်ပါဘူး။ ဒီစနစ်ကို လုပ်ဆောင်ဖို့အတွက် ဆရာတွေပိုခန့်၊ စာသင်ကျောင်းတွေ တိုးချဲ့ ထပ်ပြီး လုပ်ကြရမှာပါ။ ဘတ်ဂျက်တွေလည်း အများကြီး ထပ်ဖြည့်ရမှာပါ။ ဒါကြောင့် ကောင်းစေချင် ရင် နှစ်တိုးတာ အဓိကမဟုတ်ဘူး။ ပညာရေးအတွက် Facility တွေ ထပ်တိုးဖို့၊ ပညာရေးအသုံးစရိတ်တွေ ထပ်တိုးဖို့၊ အရည်အချင်းမီတဲ့ ဆရာတွေဖြစ်အောင် ပြုစုလေ့ကျင့်ပေးဖို့ စတာတွေကို အရင်လုပ် သင့်ပါတယ်''ဟု ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ပြည်တွင်းအန်ဂျီအိုတစ်ခုမှ အငြိမ်းစား သံအမတ်ကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

ပညာရေးပေါ်လစီများ ပြုပြင်ပြောင်းလဲရန် စီစဉ်မည်ဆိုပါကလည်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး  နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူလူထု၊ မိဘ၊ ကျောင်းသား၊ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီး ပါဝင်ဆွေးနွေးပြီး ဆန္ဒဖော်ထုတ် အကြံပြုနိုင်ရန်၊ အဆိုပြုချက်များအား စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲသင့်သည်များကို အဆိုပါ ဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေး ကြရန်၊ နှီးနှောဖလှယ်ပွဲများ ကျင်းပသည့်အခါတွင် လည်း ကျောင်းသားကဏ္ဍ၊ မိဘကဏ္ဍ၊ ဆရာ့ကဏ္ဍ၊ နိုင်ငံတော်ကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြည်သူအများက ရှုမြင်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

စာသင်နှစ်များ တိုးမြှင့်ရန် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ကျောင်းသားမိဘများ၏ သဘောထားနှင့် အမြင်များကို မေးမြန်းကြည့်ရာတွင်လည်း ''နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါမှာ အညမည ဖြစ်စဉ်ကြီး သုံးရပ်နဲ့ ကိုက်ညီမှ ရေရှည်တည်တဲ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ အဲဒီအညမည ဖြစ်စဉ်ကြီးသုံးရပ်ထဲက ပထမဆုံးဖြစ်စဉ်က 'စီးပွားရေး အခြေခံနဲ့ အပေါ်ထပ် အညမညဖြစ်စဉ်'ပါ။ စီးပွားရေး အခြေခံကတော့ လူတိုင်းသိပါတယ်။ အပေါ်ထပ် အဆောက်အအုံဆိုတာကတော့ စာပေ၊ ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စတာတွေပါ။ စီးပွားရေး အခြေခံကို ပြောင်းချင် ရင် နေ့ချင်း၊ ညချင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း စီမံကိန်းတွေချပြီး ၀ုန်းကနဲပြောင်းလိုက်လို့ရတယ်။ ဒါပေမယ့် အပေါ်ထပ် အဆောက်အအုံတွေကိုတော့ စီးပွားရေး အခြေခံပြောင်းသလို ပြောင်းလို့ မရဘူး။ ပြောင်းလဲလာတဲ့ စီးပွားရေး အခြေခံပေါ်မူတည်ပြီး သူ့အလိုလို တရွေ့ရွေ့လိုက်ပြီး ပြောင်းလဲ ရမှာဖြစ်ပါတယ်'' တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးက ပြောပြခဲ့ပါသည်။

ရန်ကင်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကလည်း ''အန်တီတို့ခေတ်တုန်းက သူငယ်တန်းကနေ အထက်တန်းအထိ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းစာကို ကျောင်းမှာသင်ပြီး အိမ်ရောက်တာနဲ့ လွယ်အိပ်ကို ပစ်ချပြီး မီးကုန်ယမ်းကုန်ပဲ ကစားပွဲဆင်နွှဲဖို့ လုံးပမ်းကြတာ နေ့စဉ်နေ့တိုင်းပါပဲ။ ညဘက်ဆိုရင်လည်း ၁၀ နာရီကျော်အထိ စာကျက်လိုက်ရင်ပဲ အတန်းထဲမှာ အဆင့်(၁)(၂)(၃) ကို ပြေးမလွတ်တော့ပါဘူး။ အခုခေတ် ကလေးတွေကို အန်တီတို့က သနားမိပါတယ်။ စာတွေ ကို ကျောင်းမှာလည်း ဖတ်ရ၊ ကျူရှင်မှာလည်း ဖတ်ရ၊ အိမ်မှာလည်း ဖတ်ရနဲ့ အိပ်ရေးလည်းမ၀၊ ကိုယ်လက်လှုပ်ရှားမှုဆိုတာလည်း မရှိ၊ အဲဒီတော့ ကလေးတွေရဲ့ မျက်လုံးလေးတွေလည်း မတောက်ပ ကြတော့ဘူး။ သိုးကလေးတွေနဲ့ တူနေတယဲ''ဟု သုံးသပ် ပြောဆိုခဲ့ပါသည်။

ဆက်လက်၍ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးကလည်း ''ကျွန်မတို့ အခုပညာရေးစနစ်နဲ့တောင် ကလေးတွေကို မူလတန်းပြီးအောင်ထားဖို့ ဆိုတာ တော်တော်စဉ်းစားရ ကျပ်နေချိန်မှာ စာသင်နှစ်တွေ ထပ်တိုးမယ်ဆိုရင်တော့ ကလေးတွေရဲ့ ပညာရေးက တော်တော် ခက်ခဲ သွားလိမ့်မယ်။ အခုတောင် ကျွန်မကလေးတွေက မိသားစုစားဝတ်နေရေးအတွက်ကို တစ်ဖက်တစ်လမ်း ကနေ ကျောင်းမတက်ခင်နဲ့ ကျောင်းဆင်းပြီးအချိန်တွေမှာ ဈေးဝိုင်းရောင်းပေးနေရတာနဲ့တင် သူတို့ အတွက် စာကျက်ချိန် ဆိုတာ နည်းနေရတာပါ။ ကျွန်မတို့လည်း ဒီမူလတန်းပြီးအောင်တောင် မနည်း အားတင်းပြီး ကျောင်းထားနေရတာပါ''ဟု ပြောပြခဲ့ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ အများ ပြည်သူနှင့်သက်ဆိုင်သော၊ အများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသော ကဏ္ဍများ ပြုပြင်ပြောင်းလဲရန် စီစဉ်ရာတွင် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလူထုကို ချပြ အသိပေး ၍ ဆွေးနွေး အကြံပြုချက်များ ရယူပြီးမှသာ ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ နိုင်ငံတကာ အဆင့်မီကောင်းမွန်သည့် ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် စီစဉ်နေမှုများအပေါ် ကဏ္ဍပေါင်းစုံမှ တောင်းဆို ဆန္ဒပြုခဲ့ကြ ပါသည်။
(News of Myanmar) မှ ယူပါသည်။

အကြိမ်ကြိမ်လုပ်ကြံခံရပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့မသေ



 
       ကျွန်တော်တို့မြန်မာပြည်မှာ ဖျက်မရတဲ့သမိုင်းအမဲစက်များ များစွာရှိပါတယ်။ အဲဒီ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးကတော့ အဆိုးဆုံးလို့သတ် မှတ်ရပါတယ်။ ကမ္ဘာ့သမိုင်းမှာ အစိုးရတစ်ဖွဲ့လုံးနီးပါး လုပ်ကြံခံရတာလည်း မြန်မာတစ်နိုင်ငံတည်း ရှိမယ်လို့ ထင်ပါတယ်။
          ခေါင်းဆောင်တွေအားလုံးဟာ အရွယ်ကောင်းတွေပါပဲ။ အဲဒီ့အစိုးရအဖွဲ့ကို လေ့လာကြည့်ရင် ရှမ်းခေါင်းဆောင်၊ ကရင်ခေါင်းဆောင်၊ ရခိုင်ခေါင်းဆောင်တွေ ပါတာတွေ့ရမှာပါ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ ကာကွယ်ရေးဌာနရုံးခန်းမှာအစည်းအဝေးတက်ခဲ့ကြတဲ့ ဖဆပလ ကြားဖြတ်အစိုးရ၀န်ကြီးတွေ
ကတော့
၁။ ဗိုလ်ချုပ်အောင်ဆန်း ဒုဥက္ကဌ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန
၂။ သခင်မြ     -ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန
၃။ ဦးဘ၀င်း   -ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန
၎။ ဒီးဒုတ်ဦးဘချို  - ပြန်ကြားရေးဌာန
၅။ ဦးရာဇတ်        - ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန
၆။ မန်းဘခိုင်      - စက်မှုလက်မှုနှင့် အလုပ်သမားဌာန
၇။ မိုင်းပွန်စော်ဘွား စ၀်စံထွန်း - တောင်တန်းရေးရာဌာန
၈။ ဦးဘဂျမ်း  - ပြန်လည်ထူထောင်ရေးဌာန
၉။ ပျော်ဘွယ်ဦးမြ - လယ်ယာနှင့် စိုက်ပျိုးရေးဌာန
၁၀။ ဦးအောင်ဇံဝေ - ပြည်သူ့ဝန်ထမ်းဌာန
၁၁။ ဦးအုန်းမောင် - ဒုတိယအတွင်းဝန်( လမ်းပန်းဆက်သွယ်ရေးဌာန) (၀န်ကြီးစောစံဘိုးသင် ကိုယ်စား)
  တို့ဖြစ်ကြပါတယ်။ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဦးစော၏ စီင်္မံမှုဖြင့်နိုင်ငံတော်လုပ်ကြံမှုဖြစ်ပါတော့တယ်။
ဝန်ကြီး ၂ ဦးဖြစ်တဲ့ ဦးကျော်ငြိမ်း( ပြည်ထဲရေးဌာန)နှင့် ဦးတင်ထွဋ်(ဌာနလက်ကိုင်မရှိ)တို့ကအင်္ဂလန်က မရောက်ကြသေးသလို စောစံဘိုးသင်(သယ်ယူပို့ဆောင်ရေးဌာန၀န်ကြီး) ကလည်းဧရာဝတီမြစ်ဝကျွန်းပေါ်
ဒေသကိုရောက်နေပါတယ်။ ၀န်ကြီး ၃ ဦးဖြစ်တဲ့ ဦးဘဂျမ်း၊ဦးအောင်ဇံဝေနှင့်ပျော်ဘွယ်ဦးမြတို့ကတော့ လုပ်ကြံမှုမှာ အသက်မသေခဲ့ကြပါဘူး။ အာဇာနည်များကျဆုံးပြီး မြန်မာပြည်မှာ ဇူလိုင် ၁၉ ရက်ရောက်တိုင်း
အာဇာနည်နေ့ဆိုပြီး ညှိုးငယ်တဲ့စိတ်နဲ့ နိုင်ငံအနှံ့အပြားမှာလွမ်းသူ့ပန်းခွေချခြင်း၊ ဟောပြောပွဲများကျင်းပခြင်း
ကျောင်းတွေမှာဆိုလည်း စာစီစာကုံးပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေနဲ့တခန်းတနားကျင်းပကြပါတယ်။
ဒါပေမယ့်ဗျာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်တွေ လက်နက်အားကိုးနဲ့တက်လာတယ်ဆိုရင်ပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်များကို အကြိမ်ကြိမ်လုပ်ကြံတော့တာပါပဲ။ အခန်းအနားတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ခွင့်မပေးတဲ့အပြင် အာဇာနည်များလဲလျောင်းရာ အာဇာနည်ကုန်းကိုတောင် လွတ်လွတ်လပ်လပ်အလေးပြုခွင့်မပေးပဲ ချုပ်ချယ်ပါတော့တယ်။  မြန်မာပြည်သူတွေရင်ထဲက ဗိုလ်ချုပ်အောင်ဆန်း နဲ့အာဇာနည်များကိုဖြစ်တည်မနေအောင် နိုင်ငံအနှံ့ အခန်းအနားများပြုလုပ်ခွင့်မပေးပဲ
ပိတ်ပင်ခြင်း၊ဟောပြောပွဲများကျင်းပခွင့်မပြုခြင်း၊ ကျောင်းများမှာကျင်းပခြင်းကို လုံးဝပိတ်ပင်ခဲ့သည့်အတွက်
ကျောင်းသားများမှာ အာဇာနည်ဆိုလျှင်အဆိုတော် Rဇာနည် ကိုသာသိသည့်အဖြစ်များဖြစ်ကုန်တော့သည်။
ယခုလည်းဇာတ်လမ်းကစတော့မည်။ ဇူလိုင်လ ၆ ရက်နေ့က ပဲခူးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပဲခူး NLD
များက အလေးပြုခွင့်တောင်းရာ ငြင်းဆန်သည်ဟု ကြားရပါသည်။
ကျွန်တော်တို့ငယ်ငယ်က ကျောင်းတိုင်းလိုလို အာဇာနည်နေ့အခန်းအနားများပြုလုပ်သည့်အတွက် လူငယ်
များသည် နိုင်ငံရေးနှင့်ကင်းကွာသွားခြင်းမရှိပဲ အာဇာနည်များကဲ့သို့စွန့်လွှတ်စွန့်စားသည့် စိတ်ဓါတ်များကိန်း
အောင်းခဲ့ရပါသည်။ မြန်မာနိုင်ငံတော်သစ်ကြီးဖြစ်တည်ရန်မှာ လူငယ်မျိုးဆက်သစ်များ၏ လက်ထဲတွင်သာ
ရှိသည်ဟု ယုံကြည်သည့်အတွက် ယင်းအခန်းအနားများကို နိုင်ငံနှင့်အ၀ှမ်းကျင်းပကြပါဟုအလေးအနက် တိုက်တွန်းအပ်ပါသည်။    
Print Friendly and PDF

Monday, July 9, 2012

ဆရာများလစာတိုးပေးရန်လက်ဘနွန်တွင်တောင်းဆို




လက်ဘနွန်နိုင်ငံ၌ ဆရာများပူးပေါင်းဆောင်ရွက်ရေးကော်မတီက လစာတိုးပေးရန် တောင်းဆိုမှုတစ်ခု
ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပုဂ္ဂလိက ကဏ္ဍရှိ အလုပ်သမားများအတွက်လစာငွေတိုးမြှင့်
ပေးရန်သဘောတူညီချက်တစ်ခု ခွင့်ပြုခဲ့ပြီးနောက် ယင်းဆရာများကော်မတီသည် ပုဂ္ဂလိကကဏ္ဍရှိ အလုပ်
သမားများနှင့်အတူ ယင်းတို့ကိုပါ စေ့စပ်ညှိနှိုင်းပေးရန်အတွက်အစိုးရကို သပိတ်မှောက်ကြခြင်းဖြစ်သည်။
ယင်းဆရာများကော်မတီတွင် League of Public Secondary School Teachers (LPESPL), Teachers Syndicate of Lebalon (TSL) နဲ့ League of Public Technical and Vocational Teachers (CETO) တို့ပါဝင်သည်။ ထို့ကြောင့်
ယင်းကော်မတီသည် လက်ဘနွန်နိုင်ငံရှိဆရာများအားလုံးကို ကိုယ်စားပြုသည်။
စေ့စပ်ညှိနှိုင်းမှုများကို ဆရာများပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ၀န်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး၊ဘဏ္ဍာ
ရေးဝန်ကြီး များပြုလုပ်ခဲ့ကြသည်။နောက်ဆုံးတွင် လစာနှုံးထားအသစ်တစ်ခုကိုသဘောတူညီမှုရခဲ့သည်။
သို့ရာတွင် အစိုးရသည် သဘောတူညီမှုအတိုင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်းမရှိသေးချေ။
ထိုသို့ပြုလုပ်ခြင်းသည် လက်ဘနွန်တစ်နိုင်ငံလုံးတွင် ဇွန်လ၌ ကျင်းပခဲ့သည့် အစိုးရ၏ အရည်အချင်းစစ် စာမေးပွဲဖြစ်သည့်Grade 9 နှင့် 12 စာမေးပွဲ အဖြေလွှာ စစ်ဆေးခြင်းကို မပြုလုပ်ပဲ သပိတ်မှောက်ရန် ဆရာများကို တွန်းအားပေးလိုက်ခြင်းဖြစ်သည်။
ဆရာများနှင့် ပြည်သူ့ဝန်ထမ်းများသည် သူတို့၏ တရားဝင်တောင်းဆိုမှုများကို ပြုလုပ်ရန်အတွက် သပိတ်
လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။ LPESPL ဥက္ကဌ ဖြစ်သူ ဟန်နာဂါရစ်က လစာအသစ်ကို
အတည်ပြုပြီးသည့်တိုင် အဖြေလွှာစစ်ဆေးခြင်းကို သပိတ်မှောက်ရန်ဆုံးဖြတ်ထားခြင်းကို ဘယ်တော့မှ
နောက်မဆုတ်ဟု ပြောခဲ့သည်။
လက်ဘနွန်နိုင်ငံရှိဆရာများလစာသည် ဆယ်နှစ်ကျော်ကာလအတွင်းလုံးဝပြောင်းလဲခြင်းမရှိခဲ့ချေ။ ယင်း
ကာလများတွင် ငွေကြေးဖောင်းပွမှုသည် ၁၀၀ ရာခိုင်နှုံးထက် ပို၍ များပြားခဲ့သည်။ နိုင်ငံတကာပညာရေး
ကော်မတီဥက္ကဌ Susan Hopgood က အပြည်ပြည်ဆိုင်ရာသုတေသနက အရည်အချင်းမြင့်ပညာရေးသည်
အရည်အသွေးပြည့်ပညာရှင်များက ဖြန့်ဖြူးပေးသောအဆင့်မြင့်အရည်အသွေးမီသင်ကြားမှုတွင် တည်မှီနေ
သည်ကို ပြသခဲ့ပြီး ဖြစ်သည်ဟု ပြောပါသည်။ တကယ်လို့များ သူတို့ရဲ့လစာတွေဟာ သူတို့ရဲ့နေထိုင်စား
သောက်စရိတ်အတွက် ပေးချေဖို့တောင် မလုံလောက်ဘူးဆိုလျှင် ဤလိုအရည်အသွေးပြည့်ဆရာတွေဟာ
ပညာရှင်နယ်ပယ်မှာ ကျန်ရစ်ဖို့ဆိုတာကို စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး ဟုဆိုပါသည်။

Friday, July 6, 2012

တက်တက်ကြွကြွ စိုက်ကြ၊မွေးကြ


ကျောင်းဝန်း အတွင်းနေရာ လွတ်
မကျန် စိုက်ပျိုးခြင်းအားဖြင့် နေ့စဉ်
ဟင်းလျာအဖြစ်၎င်း၊ အရေးပေါ်ဟင်း
အဖြစ်၎င်း၊ ဇာတ်လိုက်ကျော် မောင်
ကန်စွန်းပင်များ စိုက်ပျိုးရေးအတွက်
တက်ညီလက်ညီ မမောမပန်း မြေ
ပေါက်သူပေါက်၊ တူးဆွသူကတူးဆွ
စာသင်ချိန်တန်လျှင်စာသင်၊အလုပ်လုပ်ချိန်တန်အလုပ်လုပ်ကြ ၊ကျန်းမာကြံ့ခိုင်မှုကိုပါတပါတည်းရစေသည်။

မဲဆောက်အခြေစိုက် Room to Grow Children's Foundation ၏
ကူညီထောက်ပံ့မှုဖြင့် မှိုစိုက်ပျိုးရေး
ကိုလည်း တတပ်တအားဆောင်
ရွက်လျက်ရှိရာပုံတွင်ပါသည့်အတိုင်း
အောင်မြင်လျက်ရှိသည်ကို တွေ့မြင်
နိုင်ပါသည်။ ပထမလတွင် ထွက်ရှိ
သည့်မှို ၅၀ ရာခိုင်နှုံးကို ကျောင်းသားများအား ကျွေးမွေး၍ ကျန် ၅၀ ရာခိုင်နှုံးကို ရောင်းချပြီး မှိုရုံအတွက် လို
အပ်သည့်ပစ္စည်းများ ၀ယ်ယူခြင်း၊ မှိုရုံပြင်ဆင်ခြင်းများကို စနစ်တကျ ပြုလုပ်လျက် ရှိပါသည်။


ကျောင်းဝန်းအတွင်း၌ငါးမွေးကန်
ငယ် ၅ ခုနှင့် ကျောင်းပြင်ပ၌ ငါးကန်
တစ်ခုကို တူးဖော်၍ Catfish များကို
မွေးမြူကာ ကျောင်းရိက္ခာအဖြစ်
အသုံးပြုပါသည်။ ယခုအခါ လိုအပ်
သည့် အရင်းအနှီးမရှိတော့သည့်
အတွက် ကျောင်းသားများအတွက် အာဟာရပြည့်ဝသည့် ဟင်းလျာ တစ်မယ် ဆုံးရှုံးလျက်ရှိနေပါသည်။

ကျောင်းအနီးရှိထိုင်းနိုင်ငံသားပိုင်
မြေကို ခွင့်တောင်းကာ အကောင်
၃၀၀ နီးပါးရှိသည့် ကြက်ခြံတစ်ခြံ
ကို ဆောက်လုပ်၍ မွေးမြူထားပါ
သည်။ စီးပွားဖြစ်မဟုတ်သော်လည်း
ကျောင်းသားများအတွက် အာဟာရ
အဖြစ်သော်လည်းကောင်း၊ အရေးပေါ်ရိက္ခာအဖြစ်သော်လည်းကောင်း ကျောင်းအတွက် များစွာ အကျိုးကျေးဇူးဖြစ်ထွန်းစေပါသည်။

မွေးမြူရေးအနေနှင့် တနိုင်တပိုင်
ဝက်များကို မွေးမြူထားပါသည်။
လက်ရှိတွင် ၀က် (၁၀) ကောင်ရှိ
ပါသည်။ အရင်းအနှီးစိုက်ထုတ်
လှူဒါန်းပေးမည့်သူရှိပါက နောက်
ထပ် ၀က် ၁၀ ကောင် မွေးမြူရန်
စီစဉ်ထားသော်လည်း အခြေအနေ
မပေးသေးသည့်အတွက် တိုးချဲ့ဆောင်ရွက်နိုင်ခြင်း လုံးဝမရှိသေးပဲ ရှိသည့်ဝက်ကလေးများ ကျန်းမာသန်
စွမ်းစေရေးအတွက်သာ ဂရုစိုက်မွေးမြူနေရပါသည်။

ကျောင်းပြင်ပရှိထိုင်းနိုင်ငံသားပိုင်
မြေနေရာအား ငှားရမ်းလျက် ပန်း
ပင်များ၊ ကန်စွမ်းပင်များကို စိုက်
ပျိုးလျက်ရှိရာ အရင်းအနှီးနှင့် မကာ
မိဖြစ်နေပါသေးသည်။ မျိုးစေ့ဝယ်
ယူခြင်း၊ ရေတင်ရန်အတွက် လောင်
စာဆီ ၀ယ်ယူရခြင်း၊ လိုအပ်သည့်
စိုက်ပျိုးရေးကိရိယာများ ၀ယ်ယူရခြင်းနှင့် မြေငှားရမ်းခပေးဆောင်ရသည့်အတွက် အရင်းအနှီးများရခြင်း
ဖြစ်ပါသည်။ သို့သော် ယင်းလုပ်ငန်းသည်လည်း ကျောင်းသူကျောင်းသားများအတွက် အကျိုးများစေသည့်
အတွက် ဖြုတ်ပစ်ရန်မဖြစ်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။