Thursday, July 5, 2012

ကြည့်လုပ်ကြပါအုန်း



ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌဒေါက်တာ
ချမ်းငြိမ်းမှနေ၍ တက္ကသိုလ်ပညာရေးဥပဒေကြမ်းတင်သွင်းမတဲ့။ 
 ကောင်းလေစွ။ကောင်းလေစွ။
အပေါ်ပိုင်းပြင်ဆင်မှုကို တော်တော်စိတ်ဝင်စားကြတယ်နော်။
ဆောက်ထားလိုက်တဲ့ တက္ကသိုလ်ကြီးတွေကလည်း များမှများ၊ အခုတောင် ၁၅၀ နားကပ်နေပြီ။
အဆောက်အအုံကြီးတွေကလည်း ကောင်းလိုက်တယ်ဗျာ။ ကောင်းမှာပေါ့၊ လုပ်ငန်းကြီးကြီးလုပ်မှ ခိုးလို့ကောင်းတာကိုး။ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ပြီး ခိုးလို့ရတာက အဆောက်အအုံ အကြီးကြီးတွေ ဆောက်မှ ရတာလေ။
စစ်အစိုးရ သက်တမ်းတလျောက်ကြည့်ပါလား၊ ဥပမာဗျာ ဆည်မြောင်းဦးစီးဌာနကိုကြည့်ပါ။
တစ်နိုင်ငံလုံးရေဖောဖောသီသီသုံးဖို့ လယ်ယာကဏ္ဍအတွက် လယ်တွေရေပေးပြီး သီးထပ်သီးညှပ်တွေ စိုက်ဖို့ ဆောက်ပေးတယ်များ မှတ်နေသလား။ ဝေးပါ့၊
စစ်ဗိုလ်တွေရဲ့ မယားငယ်များစွာအတွက် ဖန်တည်းပေးတာ၊ မယားငယ်ဆိုလို့ အရွယ်ခပ်ကြီးကြီးတွေ
မထင်နဲ့၊ ၉ တန်း ၁၀ တန်းကျောင်းသူလေးတွေ၊ မယုံမရှိနဲ့။ ထားပါ၊ ဒါတွေကို ရေးဖို့မရှိပါဘူး၊ ကြုံမှ နာမည် တပ်ပြီး ရေးပါ့မယ်။ အကြိမ်ကြိမ် အထပ်ထပ် ပြောချင်တာက အခြေခံပညာရေးအတွက် အလေးအနက်
စဉ်းစားပြီး ပညာရှိလူကြီးမင်း လက်တစ်ဆုပ်စာနဲ့ လုံးဝ ဆောင်ရွက်ဖို့ မသင့်တော်ဘူးဆိုတာကိုဘဲ။
တစ်နိုင်ငံလုံးရဲ့အရေး၊ နိုင်ငံသိက္ခာပြန်ဆယ်ရမယ့်အရေး ဒါကြောင့် ညီလာခံသော်လည်းကောင်း၊ နှီးနှော ဖလှယ်ပွဲသော်လည်းကောင်း လုပ်မှသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
လောလောဆယ် ပြောချင်လွန်းလို့ ပြောမှာကတော့ အခြေခံပညာကျောင်းတွေမှာ အသုံးပြုနေရတဲ့ စာအုပ် များကို လူကြီးမင်းများ စိတ်ဝင်တစားနဲ့ လေ့လာဘူးပါသလားလို့ မေးချင်ပါတယ်၊ ၀န်ကြီးမင်းနှင့်အပေါင်းပါ များခင်ဗျား....
တစ်ထုတ်လျှင် ကျပ်ငါးသိန်း ရွှေတစ်ကျပ်သားပေးနေရတဲ့ ၀ူဖရီး နှစ်ဖက်ချော စက္ကူများ တန်၆၀ခန့် အပါတ်စဉ် ဂျာနယ်ရိုက်ထုတ်နေစဉ်မှာ မြန်မာကျောင်းသားငါးသိန်းခန့်ကတော့ ချီးကုန်းရင်တောင် လက်ပေနိုင်တဲ့ ဘားကြောင်ခေါ် အဆင့်အတန်းမရှိသည့် ကျောင်းသုံးစာအုပ်များကို မှောင်ခိုကုလားထံမှာ မိဘများ ရင်နာနာ နှင့်ဝယ်သုံးနေရတာကို မသိတာလား၊ ကိုယ်နှင့်မဆိုင်ဘူးလို့များ ထင်တော်မူနေကြပါသ လားလို့ မေးချင်ပါတယ်၊ လက်လှမ်းမီရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများလည်း ဒီကိစ္စကို လေ့လာဆန်းစစ်ပြီး လွှတ်တော်မှာ တင်သွင်းစေချင်လှပါဘီ။
စာဖတ်သူများမှလည်းစွမ်းနိုင်ရင်နိုင်ငံတော်နားပေါက်အောင်ဆောင်ရွက်ပေးကြပါလို့အနှုးအညွတ် တောင်း ပန်ပါတယ်ခင်ဗျား၊
                    ဆရာသန့်

No comments:

Post a Comment