Monday, June 25, 2012

တက္ကသိုလ်​ကျောင်း​ဆရာများ​သမဂ္ဂ ယာယီ ဖွဲ့​စည်း


Published on May 9, 2012 by မင်းလွင်  

 

တက္ကသိုလ်​ကျောင်း​ဆရာများ​သမဂ္ဂကို မန္တလေးမှာရှိတဲ့​ ရတနာပုံတက္ကသိုလ်၊​ မန္တ​လေး​ တက္ကသိုလ်၊​ မန္တ​လေး​ နိုင်ငံခြား​ဘာသာသင်တက္ကသိုလ်နဲ့​ မန္တ​လေး​ အ​ဝေး​သင် တက္ကသိုလ်က တက္ကသိုလ်ဆရာ​တွေက ယာယီဖွဲ့​စည်းထား​တယ်လို့​ အဲဒီအဖွဲ့​မှာပါဝင်တဲ့​ တက္ကသိုလ် ဆရာ တဦး​က ​ပြောပါတယ်။
တက္ကသိုလ်​ကျောင်း​ဆရာများ​သမဂ္ဂ တရား​ဝင်​ပေါ်​ပေါက်လာတဲ့​အခါမှာ ဆရာ၊​ ဆရာမ ​တွေရဲ့​ အခွင့်​အ​ရေး​အပြင် ဆရာ ဆရာမ​တွေနဲ့​ ​ကျောင်း​သား​တွေ ပြဿနာတစုံတရာဖြစ်ခဲ့​ရင် လည်း ဒီသမဂ္ဂ​တွေက ​ဖြေရှင်း​ပေး​နိုင်ဖို့​ သမဂ္ဂထူ​ထောင်ဖို့ ကြိုး​စား​နေသူ​တွေက ​မျှော်လင့်​ ထား​တယ်လို့​ ဆိုပါတယ်။
ဆရာသမဂ္ဂယာယီအဖွဲ့​ဝင် တက္ကသိုလ် ဆရာတဦး​က “ဒီတက္ကသိုလ်ဆရာ/ဆရာများ​ သမဂ္ဂဖြစ်လာပြီဆိုရင် ဆရာ/ဆရာမ​တွေရဲ့​ အခွင့်​အ​ရေး​ ​တွေလည်း​ ​တောင်း​ဆိုသွား​လို့​ ရတယ်။ ​နောက် ဆရာ/ဆရာမ​တွေက​နေပြီး​တော့​ ​ကျောင်း​သား​၊​ ကိုယ်သင်​ပေး​နေတဲ့​ သင်တန်း​သား​ ​တွေအ ​ပေါ်မှာ မတရား​သဖြင့်​ လုပ်တာကိုလည်း​ တက္ကသိုလ် ဆရာ/ဆရာမ အချင်း​ချင်း​ ညှိနှိုင်း​ဖြေရှင်းလို့​ ရတယ်​ပေါ့​ဗျာ။ အဲဒါမျိုး  ဖြစ်လာမယ်။ ​နောက် ကျ​နော်တို့​က တ​ယောက်နဲ့​ တ​ယောက် ပူး​ပေါင်း​ဆောင်ရွက်ပြီး​တော့​ ပညာ​ရေး​ဟာ နိုင်ငံ​တော်က ​ရှေ့​ကသွား​တဲ့​လမ်း​ စဉ်ချ​နေသလို ​နောက်ကလည်း​ ဘက်ညီပြီး​တော့​ လိုက်နိုင်​အောင်လို့​ အား​လုံး​ ​ဖေး​မထိန်း​ ​ကျောင်းပြီး​တော့​ သွား​နိုင်မယ်လို့​ ကျ​နော်​တော့​ ယူဆတယ်။”
တက္ကသိုလ်ဆရာ/ဆရာမများ​ သမဂ္ဂ ယာယီဖွဲ့​ထား​တဲ့​အထဲမှာ ကိုယ့်စာသင်ခန်း​ထဲက ​ကျောင်း​သား​ကို ​ငွေ​ကြေး ​အခယူပြီး​တော့​ သင်ကြား​တဲ့​ဆရာဆရာမ​တွေကို သမဂ္ဂဝင်ခွင့်​မ​ပေး​ဘဲ ကန့်​သတ်ထား​သလို သမဂ္ဂမှာပါတဲ့​ ဆရာ/ဆရာမ​တွေအ​နေနဲ့​ အကျင့်​သိက္ခာ​ရော၊​ စည်း​ကမ်း​ရှိဖို့​ လို​ကြောင်း​ စည်း​ကမ်း​ထုတ်ထား​တယ်လို့​သိရပါတယ်။
၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံမှာ ဦး​နေဝင်း​ (ကွယ်လွန်)ရဲ့​ ​တော်လှန်​ရေး​ ​ကောင်စီ အာဏာသိမ်း​ပိုက်ပြီး​တဲ့ ​ ​နောက်ပိုင်း​ ​ကျောင်း​သား​သမဂ္ဂ​တွေကို တရား​ဝင် ရပ်တည်လို့​ မရခဲ့​သလို ​ကျောင်း​ဆရာများ​ သမဂ္ဂ ကိုလည်း​ ဖွဲ့​စည်း​ခွင့်​မရခဲ့​ပါဘူး​။
အခု အစိုး​ရသစ်လက်ထက်မှာ​တော့​ ​ကျောင်း​သား​နဲ့​အလုပ်သမား​ အဖွဲ့​အစည်း​တွေဖွဲ့စည်းတည်ထောင်နေကြ ရာမှာ မန္တ​လေး​က ​ကျောင်း​ဆရာ​တွေကလည်း​ ခုလို အသင်း​အပင်း​ဖွဲ့​ဖို့ ​ခြေလှမ်းပြင်လာကြတာဖြစ်ပါတယ်။

No comments:

Post a Comment