Monday, June 25, 2012

ဖိလစ်ပိုင်ဆရာဆရာမများ၏ ဆန္ဒပြပွဲ



    
     ၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ရက်နေ့၌ ဖိလစ်ပိုင်ဆရာဆရာမများက အစိုးရ၏ ပညာရေးမူဝါဒ အပေါ်ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ နိုင်ငံအနှံ့အပြားတွင်ဖြစ်ပေါ်နေသော ပညာရေးအကြပ်အတည်းများဖြစ်သည့်လိုအပ်   နေသည့် အခြေခံအထောက်အပံ့ပစ္စည်းများဖြည့်စွက်ခြင်း၊ စာသင်ခန်းများတိုးချဲ့ဆောက် လုပ်ခြင်းနှင့် ဆရာဆရာမများ တိုးချဲ့ခန့်အပ်ခြင်း လုံးဝမရှိပဲ ၂ နှစ်အတွင်း ပုံမှန်ပညာရေးကို တိုးချဲ့ထားသည့် ပညာရေး မူဝါဒပေါ်ထွက် လာခြင်း ဖြစ်သည်။ မူကြိုမှ Grade 12 အထိ လက်ရှိသမတ အကွီနို၏ အစီအစဉ်သည် အခြေ အနေကို ပိုမိုဆိုးဝါး သွားစေမည်ဟု ACT(Alliance Concerned Teacher) ၏အတွင်းရေးမှူးဖြစ်သူ ဖရန်ဆက် ကက်စ်ထရို ကပြော ကြားခဲ့ပါသည်။
         သမတအကွီနိုနှင့် ၎င်း၏အဖွဲ့ဝင်များသည် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအပေါ်စုံစမ်း  စစ်ဆေး မှုပြုလုပ်ခြင်းနှင့် ဂရုတစိုက်နားထောင်ခြင်းအစား မျက်ကန်းဆုံးဖြတ်ခဲ့သည်။ သမတ၏ ပြောရေးဆိုခွင့်ရှိသူ အက်ဒ် ၀င်လက်စီရေဒါက လက်ရှိအခြေအနေတွင် စာသင်ခန်း၅၀,၀၀၀ကျော် လျော့နည်းနေပါသည်ဟု ၀န် ခံခဲ့သည်။ သို့သော် ၎င်းက ဆက်လက်ပြောဆိုသည်မှာ ကျွန်ုပ်တို့သည့်ဟာ မူကြိုမှ Grade12 အစီအစဉ်ကို ပြီး
မြောက်အောင်မြင်အောင်ဆောင်ရွက်ခြင်းမပြုလုပ်နိုင်မီ စာသင်ခန်းများဆောက်လုပ်နေတာကို မစောင့်နေ
နိုင်ပါဘူးဟု ဆိုခဲ့ပါသည်။
        "လက်ရှိ၁၀နှစ်စီမံကိန်းမှာ ပညာရေးအတွက် အရင်းအမြစ်များ မပြည့်စုံမလုံလောက်မှုကို ရှာဖွေတွေ့ရှိခဲ့
ပြီးဖြစ်ပါသည်။ ဒါဆို မူကြိုမှ Grade12 အထိ လုပ်ငန်းအောင်မြင်အောင် အခွင့်အလမ်း အတွက် ဘယ်လိုစွမ်း
ဆောင်မလဲ"ဟု ကက်စ်ထရိုက မေးခွန်းထုတ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ပညာရေးစနစ်တွင် ပြန်လည်ဖွဲ့စည်းခြင်း
များကိုစတင်မပြုလုပ်မီပြည့်စုံကျယ်ပြန့်သောပြန်လည်သုံးသပ်ခြင်းနှင့်ထိုသို့ပြုလုပ်နိုင်ရန်စီမံကိန်းများလိုအပ်
ပါသည်ဟု ဆက်လက်ပြောဆိုခဲ့ပါသည်။
       အရည်အသွေးပြည့်ဝသည့် မူလတန်းပညာရေးပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်မှုကို ဦးစားပေး
ရမည်ဟုACTမှယုံကြည်ပါသည်။သို့ရာတွင်စာသင်ခုံများ၊ပြဌာန်းစာအုပ်များ၊စာသင်ခန်းများ၊ဆရာဆရာမများ
ကဲ့သို့သောအခြေခံလိုအပ်ချက်များသည်  မနှစ်မြို့ဖွယ်လျော့နည်းနေသည်ကို ရင်ဆိုင်နေရဆဲဖြစ်ပါသည်။
      ကျောင်းမဖွင့်မီ ရက်ကလေးတွင် အမျိုးသားပညာရေးဆိုင်ရာအတွင်းရေးမှူး  အာမင်လူ့စ်ထရို ကကြေငြာ
သည်မှာ ကျောင်းစဖွင့်သည့်ရက်၌စာသင်ခန်းအတွင်းရောက်ရှိလာမည်ဖြစ်သောကျောင်းသားအားလုံးသည်
စာသင်ခုံတစ်ခုစီနှင့်ပြဌာန်းစာအုပ်အဆင်သင့်ရှိလိမ့်မည်ဟု ပြောခဲ့ပါသည်။သို့ရာတွင်သူကလွန်ခဲ့သော
 လေးနှစ်အတွင်းပညာရေးဆိုင်ရာလိုအပ်ချက်များလျော့နည်းသွားမှုများကို ဖြေ  ရှင်းသင့်ပါသည်ဟုဝန်ခံ ခဲ့ပါသည်။
      ဖိလစ်ပိုင်နိုင်ငံအတွင်း အရည်အသွေးပြည့် အခြေခံပညာရေးနှင့်တိုးပွားများပြားလာသည့်အခြေခံလိုအပ်
ချက်များတွင် အဓိကလိုအပ်ချက် ၃ ခုရှိပါသည်။ ဆိုလိုသည်မှာဆရာများ၏အရည်အသွေးတိုးတက်မှု၊မူကြိုမှ
Grade12အထိသင်ရိုးညွှန်းတမ်းအရည်အသွေးတိုးမြှင့်မှုနှင့်ရည်မှန်းချက်ပန်းတိုင်ရောက်ရှိမှုတွင်လိုအပ်သော
ငွေကြေးအရင်းအနှီးလျော့နည်းမှုဖြစ်ပွားနေခြင်းကို ဖြေရှင်းသင့်ပါသည်။
     တိုင်းပြည်အတွင်းကျောင်းစာရင်းသွင်းသည့်အရေအတွက်တိုးပွားနေစဉ်ဆရာဆရာမများ၊စာသင်ခန်းများ
စာအုပ်များ၊စာသင်ခုံများ၊ရေဆိုးနှုတ်စနစ်(မိလ္လာစနစ်)အတွက်လိုအပ်သောအထောက်အပံ့ပစ္စည်းများလျော့  နည်းနေမှုကို မှန်မှန်ကန်ကန်ဖြေရှင်းနေခြင်းမရှိချေ။ အစိုးရမှ ချမှတ်ပေးသည့်မူကြိုမှ Grade12အစီင်္အစဉ်၏
ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်မှုသည်မပြည့်စုံမလုံလောက်ဘဲ ဖြစ်ပါသည်။မူကြိုဆရာများအတွက်
ကျယ်ပြန့်သောသင်ရိုးများကိုထောက်ပံ့ခြင်းလုံးဝမရှိခြင်းနှင့်အတူသင်ရိုးညွှန်းတမ်းဆိုင်ရာအဆိုပြုလွှာသည်
မပြည့်မစုံနှင့် ချို့တဲ့နေဆဲဖြစ်ပါသည်။အချို့သောဆရာများသည် မိမိတို့၏ကျောင်းသားများအသုံးပြုနိုင်ရန်
သင်ရိုးညွှန်းတမ်းလမ်းညွှန်ချက်များနှင့်လေ့ကျင့်သင်ကြားရေးအစုအဖွဲ့များကပြုစုထားသောအခန်းလိုက်ပို့ချ
ချက်များကိုမိမိပိုင်ငွေကြေးကိုစိုက်ထုတ်ပြီးထုတ်ဝေပေးနေရသည်။
  လွန်ခဲ့သောနှစ်က တောင်အာဖရိကနိုင်ငံ၊ကိတ်ပ်တောင်းမြို့၌ကျင်းပခဲ့သည့်ကမ္ဘာ့ညီလာခံမှသဘောတူညီ
 ခဲ့သည်များကိုလက်ခံရန်  EI(Education International)ကဆုံးဖြတ်ခဲ့သည်။EI၏ဒေသဆိုင်ရာစေ့စပ်ညှိနှိုင်းရေး
မှူး Alogsius Matthews ကအာရှနှင့်ပစိဖိတ်ဒေသရှိနိုင်ငံများစွာတွင်ပျက်စီးယိုယွင်းနေသောစီးပွားရေးရပ်ဝန်း
များသည်လူထုနှင့်ဆိုင်သည့်အခြေခံအဆောက်အအုံများ၊လူထုအခြေပြုဝန်ဆောင်မှုများ၊ပညာရေး၌လူထုရင်း
နှီးမြှပ်နှံခြင်းတိုးပွားမှုနှင့်ယင်းမြှပ်နှံရင်းနှီးမှုကိုထိန်းသိမ်းရန်အမျိုးသားအစိုးရများ၏စွမ်းဆောင်ရည်ကိုထိခိုက်
နေဆဲဖြစ်သည်ကိုလက်ခံခဲ့သည်။
      သူကယင်းဒေသရှိနိုင်ငံများအားလုံးသည်လူမှုဘ၀တည်ငြိမ်မှု၊ပေါင်းစည်းညီညွတ်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုး  တက်မှုကိုလှုံ့ဆော်ရန်သည်အကောင်းဆုံးနည်းလမ်းအဖြစ်ပြည်သူ့ပညာရေးတွင်ရင်းနှီးမြှပ်နှံမှုကိုအရေးတကြီး
ဦးစားပေးလုပ်ကိုလုပ်ရမည်ဟု မီးမောင်းထိုးပြခဲ့သည်။ စီးပွားရေးနလန်ထူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲခြင်း၊ပရိုဂရမ်များဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရာ၌ဒေသဆိုင်ရာအဖွဲ့အစည်း
များတွင် ပါဝင်ခြင်း၏ တန်ဖိုးကို အမျိုးသားအစိုးရများသည် အသိအမှတ်ပြုရန် Matthews က အစိုးရများကို
အဆက်မပြတ်ရှင်းပြခဲ့သည်။အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်အတူအမျိုးသားစီးပွားရေးကို
ပြန်လည်ထိန်းသိမ်းခြင်းအားဖြင့်ဒေသအတွင်းများလှစွာသောပညာရေးလုပ်ငန်းများ၏အခြေအနေ၊အခြား
သောပြည်သူ့အကျိုးဆောင်ဝန်ထမ်းများနှင့်မပြည့်မစုံဖြစ်နေသော အချိန်ကာလ အတွင်းအောက်ခြေမှ လှိုက်စားနေမှုများကိုရပ်တန်းကရပ်ပစ်မှဖြစ်ပေမည်။
ရည်ညွှန်း။     ။ EI website မှ
                                                                        

No comments:

Post a Comment