Monday, June 25, 2012

အလှူ​ငွေ ​လျော့​ချမှု​ကြောင့်​ နယ်စပ်​ဘော်ဒါ​ဆောင်​ကျောင်း​များ​ ပိတ်ရနိုင်



 အလှူရှင်​တွေ အလှူ​ငွေ​လျော့ချဖြတ်​တောက်မှုရဲ့​ အကျိုးဆက်အဖြစ် ထိုင်းမြန်မာနယ်စပ်တလျောက်   ​ဘော်ဒါ​ဆောင်​ကျောင်း​တွေက ​ရွေ့​ပြောင်းမြန်မာက​လေး​ငယ်​တွေရဲ့​ စား​သောက်​နေထိုင်​ရေး​ မ​ရေမရာဖြစ်မှုနဲ့​ကြုံ​တွေ့​နေရသလို တချို့​ကျောင်း​တွေ ပိတ်ရဖွယ် ရှိ​နေပါတယ်။
အလှူရှင် ​တွေ နည်း​သွား​တာ​ကြောင့်​ ကရင်ပြည်နယ် တဖက်ကမ်း​ ထိုင်း​နိုင်ငံ တာ့​ခရိုင် မဲ​ဆောက်၊​ ဖိုး​ဖရ၊​ မယ်ရမ၊​ အုန်​ဖန်​ မြို့​နယ်​တွေမှာရှိတဲ့​ ​ဘော်ဒါ​ဆောင်ထား​ ​ရွေ့​ပြောင်းမြန်မာ​ကျောင်း​ ၃၀ ​ကျောင်း အခက်အခဲ ကြုံ​နေကြရတာပါ။
အခက်အခဲ ကြုံ​နေရတာနဲ့​ပတ်သက်လို့​ ​ဒေါက်တာစင်သီယာ​မောင်က “​ဘော်ဒါ​ဆောင်ကို​ပေး​တဲ့​အဖွဲ့​အစည်း​တွေက​တော့​ နယ်သာလန်တို့​၊​ အ​မေရိကား​တို့​ အား​လုံး​စုပြီး​တော့​ ​ပေးကြတဲ့​ အစီအစဉ်​ပေါ့​။ ဒီ​ဘော်ဒါ​ဆောင်​တွေမှာ ရှိတဲ့​ ရိက္ခာဘက်ဂျက်က အခု မပြည့်​မီတဲ့​အတွက်​ကြောင့်​ကြိုပြီး​တော့​ အ​ကြောင်းကြား​ထား​တာ​ပေါ့​။ အလှူ​ငွေ​တွေက ၆ လစာပဲ ကျမတို့​မှာ ရှိထား​တယ်။ ကျန်တဲ့​ ၆ လအတွက်က​တော့​ စိတ်မချရ​သေး​ဘူး​။ ဒီနှစ်ထဲမှာ​တော့​ ကျမတို့​က တဦး​ချင်း​အလှူရှင်​တွေ နည်း​သွား​တယ်​ပေါ့​။ ပြည်တွင်း​ထဲကို သွားကြရတာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ်လည်း​ သူတို့ စိတ်ဝင်စား​တဲ့​ တခြား​ကျောင်း​တို့​၊​ ​ဆေး​ရုံတို့​ အဲဒီလို လုပ်ငန်း​စဉ်​တွေ ​ပြောင်း​တာလည်း​ ဖြစ်နိုင်တယ်။ ပုံမှန်အားဖြင့်​ အလှူရှင် ကြီးကြီး​တွေက လိုအပ်ချက်ရဲ့​ တဝက်ကို ပံ့​ပိုး​နိုင်ပြီး​ ကျန်တဲ့​တဝက်ကျ​တော့​ တဦး​ချင်း​အလှူရှင်နဲ့​ပဲ သွား​ရတယ်ဆို​တော့​ တဦး​ချင်း​အလှူရှင်​တွေရဲ့​ ရန်ပုံ​ငွေ​တွေကလည်း​ ကျမတို့​ မပြည့်​မီတာလည်း​ ရှိတာ​ပေါ့​” လို့​ ​ပြောပါတယ်။
နယ်စပ်တ ​လျောက်မှာ ​ဘော်ဒါ​ဆောင်​နေ ​ကျောင်း​သူ​ကျောင်း​သား​ပေါင်း​ ၃ ​ထောင်​လောက်ရှိပြီး​ ဒီက​လေး​တွေအတွက် လစဉ် ထိုင်း​ဘတ် ၉ သိန်း​လောက် ကုန်ကျ​နေတယ်လို့​ ဆိုပါတယ်။
“က ​လေး​ တ​ယောက်ကို ကျမတို့​ လျာထား​ချက်က​တော့​ ဆန်ဆိုရင် ၁၃ ကီလို၊​ ဆီဆိုရင် ကီလိုဝက် ၊   ​နောက် ပဲ၊​ အချိုမှုန့်​၊​ ဆား​နဲ့​ပေါင်း​ရင် က​လေး​ တ​ယောက်အတွက်ကို တလကို ဘတ် ၃၀၀ ရှိတယ်။ အခု က​လေး​ ၃၀၀၀ နီး​ပါး​လောက်ကို ကူညီတာဆို​တော့​ တလကို ၈ သိန်း​နဲ့​ ၉ သိန်းကြား​မှာ ကျမတို့​ ရန်ပုံ​ငွေ လိုအပ်တယ်။”
မဲ ​ဆောက်မြို့​ ကွယ်က​ဘော ​ဘော်ဒါ​ဆောင်​ကျောင်း​က ဒါရိုက်တာ မန်း​ဗလစိန်က​တော့​ လာမယ့်​ ဇူလိုင်လမှာ ​ကျောင်း​ပိတ်ရမယ့်​ အ​နေအထားဖြစ်​နေတယ်လို့​ ​ပြောပါတယ်။
“ ​ဘော်ဒါ​ဆောင်ရှိတဲ့​ ​ကျောင်း​တွေကို ဇူလိုင်လကျရင် ကူညီ​နေတဲ့​ ပုဂ္ဂိုလ်​တွေကဆက်လက်မကူညီနိုင်​တော့​ဘူး​ဆိုပြီး​ အခုကတည်း​က ​ပြောလာ​တော့​ ​ကျောင်း​ကလည်း​ဖွင့်ပြီ၊​ ​နွေရာသီ​ကျောင်း​ပိတ်ရက်တုန်း​က ​ပြော တယ်ဆိုရင် ကျ​နော်တို့​က ဒီနှစ်က ပိတ်ထား​ရင်လည်း ပိတ်ထား​ရမှာ။ အခုကဖွင့်​နေပြီဆို​တော့​ ​တော်​တော် ခက်တာ​ပေါ့​။ ဘာနဲ့​စား​မလဲ ဒီအင်အား​က ​ကျွေး​ဖို့​ကလည်း မလွယ်ဘူး​လေ။ အလှူရှင်က သူတို့​အ​နေနဲ့​က​တော့​ ရန်ပုံ​ငွေ​တွေ မရှိ​တော့​လို့​ ရပ်လိုက်တာ​ပေါ့​။”
ကွယ်က ​ဘော​ကျောင်း​မှာ ​ကျောင်း​သား​ဦး​ရေ ၄၀၀ နီး​ပါး​ရှိပြီး​ အများ​စုက​တော့​ ပြည်တွင်း​ နယ်​မြေလုံခြုံမှု အရ ​ကျောင်း​တက်နိုင်တဲ့​ အ​နေအထား​မရှိလို့​ လာတက်ကြရတဲ့​ ​ကျောင်း​သူ​ကျောင်းသား​တွေဖြစ်တယ် လို့​ ​ပြောပါတယ်။
နယ်စပ်တ​ လျောက် ​ရွေ့​ပြောင်း​ မြန်မာကွန်မြူနတီ​ကျောင်း​ပေါင်း၇၅ ​ကျောင်းရှိပြီး​ ​ဘော်ဒါ​ဆောင်ဖွင့်​​ကျောင်း ​တွေ က​တော့​ ၃၀ ​ကျောင်းရှိပါတယ်။
ဒီ​ကျောင်း​တွေကို ပုဂ္ဂလိက အလှူရှင်​တွေကပဲ စာ​ရေး​အ​ထောက်အကူ၊​ အစား​သောက်၊​ ​ကျောင်း​ဆရာ လစာ စတာ​တွေကို ကူညီ​နေကြတာပါ။

No comments:

Post a Comment