Wednesday, June 27, 2012

စေတနာထားမှာလားဝေဒနာပေးမှာလား




 စစ်ဖိနပ်အောက်မှ လွတ်သယောင်ဖြစ်နေဆဲ ယခုလို ကာလမျိုးတွင် အိပ်မက်ဆိုးများ မက်လာလိမ့်မည်ဟု မယုံကြည်ခဲ့ပါ။ သို့သော်လည်း အိပ်မက်မဟုတ်တော့ဘဲ ဖြစ်ရပ်ဆိုးများကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမတကြီးဦးသိန်းစိန်၏လုပ်ရပ်များကို ကြိုဆိုပါသည်။ လုပ်ဆောင်နေချက် များကို လက်ခုပ်သြဘာပေးပါသည်။ သို့ပေမဲ့ နှစ်ပေါင်းများစွာ အကျင့်စာရိတ္တဖောက်ပြန်မှုများ၊ ရှင်းရှင်း လင်းလင်းပြောရသော် တိုင်းပြည်အတွက်ဟု အသံကောင်းဟစ်ပြီးကိုယ်ကျိုးစီးပွား သက်သက်သာရှေ့ရှုခဲ့ သည့်တပ်မတော်ခေါင်းဆောင်ဟောင်းကြီးများအပေါ်မျက်စိမှိတ်ယုံကြည်ဖို့ဆိုသည်မှာအင်မတန်ခဲယဉ်း သော ကိစ္စဖြစ်ပေသည်။
ကတိတွေအထပ်ထပ်ပေးပြီး လက်တွေ့မဆန်သောလုပ်ရပ်များကို အကြိမ်ကြိမ် အဖန်ဖန် ကြားခဲ့ရ ၊ကြုံခဲ့ ရသောပြည်သူများသည် တစ်တက်စားလဲကြက်သွန်၊နှစ်တက်စားလဲ ကြက်သွန်ဖြစ်နေသည့်အတွက် ထုသားပေသားလဲကြနေပေပြီ။မိမိတို့၏အစိုးရသက်တမ်းတွင် ပြုပြင်ပြောင်းလဲမှုများကိုမနားတမ်းဖော်ဆောင်
ပါ့မယ်ဟု ပြောကြားရင်း နိုင်ငံတကာမှယုံကြည်မှုကိုအရယူနေသည်ကိုလည်းမျက်ခြေမပြတ်လေ့လာတွေ့ ရှိနေပါသည်။
ထိုသို့လုပ်ဆောင်နေခြင်းကို ယုံကြည်သည့်နိုင်ငံတကာမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာ
ကြခြင်းကို လှိုက်လဲစွာကြိုဆိုပါသည်။ တဆက်တည်း လူမှုအထောက်အကူပြုလုပ်ငန်းများလုပ်ဆောင်သည့်
နိုင်ငံတကာမှ NGO အဖွဲ့အစည်းများလည်း မြန်မာနိုင်ငံအတွင်းဝင်ရောက်နေသည်ကိုလည်းဝမ်းမြောက်
ဝမ်းသာဖြစ်ရပါသည်။
ထိုအခါဝမ်းသာဝမ်းနည်းဖြစ်ရပ်များ ဖြစ်ပေါ်လာရပါတော့သည်။
မြန်မာနိုင်ငံတော်အတွက် အဓိကပြောင်းလဲပစ်ရမည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ အခြေခံဥပဒေကို မပြောင်းလဲနိုင်သေးသည့်တိုင်ခေတ်နှင့်လုံးဝမလျော်ညီတော့သည့်ဥပဒေအနွမ်းအဖတ်များကိုတော့ပြောင်း လဲရန်၊ဖြည့်စွက်ရန်၊ အသစ်ရေးဆွဲရန်နှင့် ဥပဒေသစ်များကို ထပ်မံတိုးချဲ့ရန်များစွာ လိုအပ်နေပါသေးသည်။
 ထို အခြေအနေတွင်မျက်စိကိုအတင်းမှိတ်ပြီး အားလုံးကောင်းပါသည်ခင်ဗျားဟုဆိုကာအစိုးရသစ်၏နောက် သို့ကောက်ကောက်ပါအောင်လိုက်ပါသွားပါကနောင်အခါအမှားကြီးမှားသွားပြီဟုသိရှိချိန်တွင်ပြန်လည်ပြုပြင် ရန်အချိန်နှောင်းသွားတတ်ပါသည်။လောလောဆယ်မှားသည်မှန်သည်ကိုခဏထားကာလက်ရှိအချိန်နှင့်နေ
ရာကွက်ကွက်လေး၏အိပ်မက်ဆိုးများကို ဤဆောင်းပါး၌ တင်ပြမည်ဖြစ် ပါသည်။မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းတွင် မြန်မာနိုင်ငံမှတိုင်းရင်းသားပြည်သူ ၂သန်းကျော် ရှိနေပါသည်။ လက်ရှိ သတင်း များ အရ အလုပ်လုပ်ခွင့် လက်မှတ်များပေးနေသည် ဟုကြားသိရပါသည်။ သို့သော် အလုပ်လုပ်ခွင့် လက်မှတ် ရဖို့ဆိုသည်မှာလည်း အရင်းအနှီးကလိုနေပေသေးသည်။ ထိုအခါ ဖြစ်ချင်တာဖြစ်ဟုဆိုကာမျက်စိမှိတ်ပြီး အမိမြေကိုကျောခိုင်းခဲ့ကြရသူများမှာ သန်းဂဏန်းခန့် ရှိနေပါသည်။ထိုင်းနိုင်ငံအတွင်းရောက်ရှိလာသူ များတွင် တစ်ဦးချင်းလာရောက်လုပ်ကိုင်သူများရှိသကဲ့သို့ မိသားစုနှင့်ရောက်လာကြသူများမှာ လည်းမနည်း လှပေ။ထိုအခါတစ်နွယ်ငင်တစ်စင်ပါဆိုသကဲ့သို့ကလေးသူငယ်များသည်လည်းထက်ချပ်မကွာပါလာကြတော့
သည်။ဒေါ်အောင်ဆန်းစုကြည်  ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်ခရီးစဉ်သည် ထိုင်းနိုင်ငံရောက်ရွေ့ပြောင်း အလုပ်သမားများအတွက်အားတက်ဖွယ်ဖြစ်ခဲ့ပါသည်။အားတက်ဖွယ်၏နောက်ဆက်တွဲသည် ရွေ့ပြောင်း
အလုပ်သမားများအတွက်ဖွင့်လှစ်ထားသောရွေ့ပြောင်းကျောင်းများအတွက်မူဝေဒနာများဖြစ်ပွားပေါ်ပေါက် လာရ တော့သည်။  ရွေ့ပြောင်းကျောင်းများကိုထောက်ပံ့နေသောအလှူရှင်များသည်ရုတ်တရက်ဆုတ်ခွာ
ကုန်ကြသည်။
ကျောင်းများကလည်းဖွင့်ပြီးပြီ၊ ကျောင်းသားများကိုလက်ခံပြီးပြီ၊မိဘများကလည်းသူတို့၏သားသမီးများကို
ယုံကြည်အားကိုးစွာဖြင့်ူစာသင်ကျောင်းနှင့်တွဲထားသည့်ဘော်ဒါဆောင်များတွင်အပ်နှံထားကာမိမိတို့၏လုပ်ငန်း
ခွင်သို့သွားကြချေပြီ၊ဘော်ဒါဆောင်ဆိုသည်နှင့်မြန်မာပြည်သူပြည်သားများကပြည်တွင်းရှိသိန်းချီပေးရသည့်
ဘော်ဒါများကိုပြေးမြင်နေကြအုန်းမည်။ ၎င်းတို့နှင့် နည်းနည်းလေးမှမတူပါ။ကျောင်းသားများ၏စားရေး
သောက်ရေး၊ကျန်းမာရေးနှင့်လူမှုကိစ္စအ၀၀ကိုအလှူရှင်များ၏ပံ့ပိုးကူညီမှုဖြင့်ရပ်တည်နေကြရပါသည်။
လတ်တလောကြီးရိက္ခာဖြတ်ချခံရသည့်အခါ၊ကျန်နေသည့်အလှူရှင်များသည်လည်းသမတဦးသိန်းစိန်ကို
ယုံကြည်မှုဖြင့်ပြည်တွင်းသို့ရွေ့ပြောင်းမည်ဟုကြံစည်ကာနယ်စပ်ဒေသတလျောက်ရှိကျောင်းများကို စိတ်ဝင်
တစားကူညီမှုကိုဖြတ်တောက်ခြင်း၊လျော့ချခြင်းပြုလုပ်မည်ဟုသိနေရသောအခါကျောင်းတာဝန်ရှိသူများ၏
ရင်ထဲတွင်မချိအောင်ခံစားနေကြရတော့သည်။ နယ်စပ်ဒေသနှင့်ပတ်သက်ပြီး တိကျသည့်စနစ်နှင့်လုပ်ရပ်
မရှိသေးဘဲ မြန်မာအစိုးရ၏ကတိစကားကိုယုံကြည်စွာဖြင့်နယ်စပ်ဒေသရှိကျောင်းများကိုကျောခိုင်းစွန့်ခွာသွား
ကြမည်ဆိုပါက နယ်စပ်ရှိကလေးငယ်များ၏ကံကြမ္မာသည်လွန်စွာဆိုးဝါးသည်ဟုဆိုရပေတော့မည်။
မြန်မာအစိုးရသည်မည်မျှယုံကြည်ရမည်နည်း။ရွေ့ပြောင်းကလေးငယ်များ၏ပညာရေးကိုနေနေသာသာ
ပြည်တွင်း၌ပင် လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်စွမ်းမရှိသေးပါ။ ဂျာအေးသူ့အမေရိုက်တုန်းရှိပါသည်။
လောလောဆယ်တွင်ပင် မြန်မာအစိုးရ၏လေတစ်လုံးမိုးတစ်လုံးလုပ်ရပ်ကြောင့်ပုံမှန်လည်ပတ်နေသော
လုပ်ငန်းများရပ်တန့်ရပါတော့မည်။ ရွေ့ပြောင်းကျောင်းသားများ၏ကိုယ်စားကယ်ကြပါဟုအော်ပေးမည့်သူ
များ၊ ကယ်တင်ပေးမည့်သူများကိုမျှော်လင့်ရင်းဤဆောင်းပါးကိုရေးသားလိုက်ပါသည်။
                                            သန့်စင်အောင်(ရန်ကင်း)

No comments:

Post a Comment