Friday, June 29, 2012

အစိုးရသည်အခြေခံဥပဒေကို ချိုးဖောက်ဟုတရားရုံးချုပ်ကဆုံးဖြတ်



တောင်အာဖရိကနိုင်ငံ လင်ပိုပိုပြည်နယ်အတွင်းမှ စာသင်ကျောင်းအချို့ကို ကိုယ်စားပြုပြီးလူ့အခွင့်အရေး
တက်ကြွလှုပ်ရှားသူများက တင်သွင်းခဲ့သော အမှုတစ်မှုတွင် ယင်းပြည်နယ်အတွင်းရှိ ကျောင်းသားအားလုံး
ကို ပြဌာန်းစာအုပ်များ ထောက်ပံ့ရန် အစိုးရက ပျက်ကွက်ခဲ့ခြင်းမှာ ပညာရေးနှင့် ပတ်သက်သော အခြေခံ
ဥပဒေပါအခွင့်အရေးတစ်ခုကိုချိုးဖောက်ခြင်းဖြစ်သည်ဟုတောင်အာဖရိကနိုင်ငံ၏တရားရုံးချုပ်ကစီရင်ချက်
ချမှတ်ခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းအားလုံးသို့ ပြဌာန်းစာအုပ်များအရောက်ပို့ပေးရန်လည်း စီရင် ချက်တွင် ဖော်ပြထားသည်။
ပြည်နယ်များရှိစာသင်ကျောင်းများ၏၈၀ရာခိုင်နှုံးအား ပြဌာန်းစာအုပ်များထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့ကြောင်း
အစိုးရက ၀န်ခံထားသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစိုးရ၏ အစီရင်ခံစာတစ်စောင်တွင် ကျောင်း
ပေါင်း ၁၇၀၀ခန့်မှာရေပြတ်နေပြီး နောက်ထပ်ကျောင်းပေါင်း၁၅၀၀၀ ၀န်းကျင်မှာစာကြည့်တိုက်မရှိကြောင်း
ဖော်ပြထားသည်။
ကျောင်းများပြဌာန်းစာအုပ်မရသည့်ကိစ္စကို တရားရုံးသို့တင်ပြခဲ့သည့် (Section 26) အမည်ရှိ လူ့အခွင့ိအရေး
အုပ်စုက တရားရုံး၏စီရင်ချက်ကို ကြိုဆိုထောက်ခံခဲ့သည်။ယခုစီရင်ချက်ကြောင့် လင်ပိုပိုပြည်နယ်အတွင်းရှိ
ကျောင်းပေါင်း၅၀၀၀ ၀န်းကျင်မှ ကျောင်းပေါင်း ၁.၇ သန်းခန့်အကျိုးရှိကြမည်ဖြစ်သည်ဟု ယင်းအဖွဲ့ကပြော
ဆိုခဲ့သည်။
Ref;AP

No comments:

Post a Comment