Monday, June 25, 2012

တောင်ကိုရီးယားဆရာဆရာမများက၀န်ကြီးကိုစိမ်ခေါ်




  တောင်ကိုရီးယားကျောင်းဆရာများနှင့်ပညာရေးဝန်ထမ်းများသမဂ္ဂ(The Korean Teachers and Education Workers Union KTU) က တောင်ကိုရီးယားအစိုးရအား စံသတ်မှတ်ထားသောစာမေးပွဲအား ဖယ်ရှားရန် စိမ်ခေါ်လျက်ရှိသည်။EI(Education International)နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်KTUသည် ဆရာတစ်ယောက်၏ပညာရေးစွမ်းရည်ကိုတိုင်းတာသည့်စံသတ်မှတ်ထားသည့်စာမေးပွဲအားအမှီပြုစေခြင်းမရှိ
သင့်ဟုစောဒကတက်အငြင်းပွားလျက်ရှိသည်။
       KTUသည်၂၀၁၂ခုနှစ်၊ဇွန်လ ၁၂ရက်နေ့၌ ပညာရေးဝန်ကြီးဌာနရှေ့တွင် ပညာရေးနှင့် ဆက်နွယ် သည့်နိုင်ငံသားအဖွဲ့အစည်းများနှင့်အတူတောင်းဆိုချက် ကိုမြှင့်တင်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
       ၁၆ပြည်နယ်ရှိ ပညာရေးဌာနများသည်  ကျောင်းများ၏ ဘက်ဂျက်များကို စံသတ်မှတ်ထားသည့် စာမေးပွဲရလာဒ်များအရခွဲဝေသတ်မှတ်သည်။အမြင့်ဆုံးအမှတ်ရရှိသောကျောင်းများသည်အမှတ်ပိုနည်းသော
ကျောင်းများထက်ပို၍ငွေကြေးရရှိသည်။ထိုအဖြစ်ကို KTUဥက္ကဌ Jang Seok-woong ကစာမေးပွဲစစ်ဆေးခြင်း 
အပေါ်အမှတ်များများရရန်ကျောင်းများအပေါ်ပြင်းထန်သည့်ဖိအားကျရောက်လျက်ရှိသည်ဟုရှင်းပြပါသည်။
             ၂၀၀၈ ခုနှစ်ကတည်းကစံသတ်မှတ်ထားသည့်စာမေးပွဲကိုဆောင်ရွက်ခြင်းဖြင့်အစိုးရသည် ကျောင်း
သင်ရိုးညွန်းတမ်းများကိုကျဉ်းမြောင်းစေကာ သင်ကြားမှုအတွေးအခေါ်ကိုသာပျံ့နှံ့စေသည်။ယှဉ်ပြိုင်ခြင်းကို
နည်းကုန်လမ်းကုန်ပြုလုပ်စေခြင်းဖြင့်ဆရာများနှင့်ကျောင်းသားများကိုမောင်းနှင်လျက်ရှိသည်။
             ၂၀၀၈ ခုနှစ်တွင်ပုဂ္ဂလိကကျောင်းများအပေါ်စစ်ဆေးခြင်းကိုစတင်ပြဌာန်းချိန်၌ပညာရေးဝန်ကြီး ဌာနမှစံသတ်မှတ်သည့်စာမေးပွဲကို ပါဝင်လိုသည်ဖြစ်စေ မပါဝင်လိုသည်ဖြစ်စေ စာမေးပွဲနှင့်စပ်လျဉ်း၍မိဘ 
များကျောင်းသားများနှင့်တိုင်ပင်ညှိနှိုင်းပြီးနောက်စာမေးပွဲကိုရှောင်ရှားရန်၎င်းတို့၏အခွင့်အရေးအပေါ်စိုးရိမ် 
ကြောင့်ကျလျက်ရှိသည့်KTUအဖွဲ့ဝင်၁၄ဦးကို အလုပ်မှထုတ်ပယ်ခဲ့သည်။
               သမတလီမြောင်ဘတ်၏အုပ်ချုပ်မှုအောက်တွင်လွန်ခဲ့သောငါးနှစ်ကျော်ကာလက အလုပ်သမား
အစည်းအရုံးဝင်ဆရာများကိုဆန့်ကျင်လျက်လူမဆန်သောနှိပ်ကွပ်ကို တာဝန်ယူခဲ့သည်။ယင်းမှာKTUအလုပ်
အမှုဆောင်၁၄ဦးကို ရာထူးမှဖယ်ရှားခြင်း၊အစည်းအရုံးဝင်ဝန်ထမ်း၆၇ဦးကိုရာထူးမှချခြင်း၊လွတ်လပ်စွာပြော 
ဆိုခွင့်မှဆရာ၃၉ဦးကိုဖိနှိပ်ခြင်းနှင့်လွပ်လပ်ရေးမှုနှင့်အခွင့်အရေးဆိုင်ရာကုန်သွယ်ရေးအစည်းအရုံးမှဆရာ
၃၉ဦးကိုကန့်သတ်ချုပ်ချယ်ခြင်းတို့ပါဝင်သည်။
              သင်ကြားမှုစွမ်းရည်ကို တိုင်းတာရန် စံသတ်မှတ်သည့် စာမေးပွဲများကို လွဲမှားစွာအသုံးပြုခြင်းနှင့် 
စာမေးပွဲဖြင့်မောင်းနှင်သည့်ပညာရေးကိုဆန့်ကျင်သည့်လှုပ်ရှားမှုတွင်ပါဝင်သည့်တောင်ကိုရီးယားပညာရေး
ဝန်ထမ်းများနှင့်ပညာရေးသမဂ္ဂများသည်သင်ကြားမှုတွင်အကောင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့်အရည်အသွေး 
အကြောင်းအပြန်အလှန်ဆွေးနွေးမှုကို ဦးဆောင်သင့်သည်ဟု EI မှ အခိုင်အမာယုံကြည်သည်။

No comments:

Post a Comment