မှုဖြင့်မဲဆောက်မျြိ့၌ရွေ့ပြောင်းကျောင်းသားများအတွက်စာသင်ကျောင်းများသည် (၇၃)အထိ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်းဆွမ်းဆန်ထဲကြွက်ချေးရောသကဲ့သို့ပညာရေှးဗန်းပြပြီး လုပ်ကိုင်စားသူများရှိနေသည်မှာလည်း မငြင်းနိုင်ပေ။
မည်သို့ပင်ဆိုစေ
ကိုယ်ကျိုးစွန့်ြုပီး မိမိဘ၀၏ တိုးတက်ရာတိုးတက်ကြောင်းကို လျစ်လျူရှုကာ
ထိုကလေးများ ၏အနာဂါတ်အတွက် အစွမ်းကုန် ကြိုးပမ်းနေသူများမှာလည်း
များစွာရှိနေပါသည်။ ဦးနေ၀င်းအစိုးရ၏ ဒါဏ်၊ စစ်အစိုးရအသီးသီး၏
ရက်စက်ယုတ်မာမှုဒါဏ် များကို မြန်မာပြည်သူပြည်သားများအလူးအလဲခံစားခဲ့ရပြီး
သည့်နောက် မြန်မာပြည်ကြီးအတွက် မီးရှုးတန်ဆောင် ပေါ်ထွက်လာခဲ့သည်။ ယင်းမှာ
ဒေါ်အောင်ဆန်း စုကြည် ပေတည်း။ အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ
နေထိုင်ခဲ့ရပြီး ယခုအခါ လွတ် မြောက်လာခဲ့ရုံသာမက
စစ်ဗိုလ်အဖြစ်မှစုတေကာအရပ်သားသမတကြီးအဖြစ်တာဝန်ယူ
နေသူဦးသိန်းစိန်လက်ထက်တွင်
ကော့မှူးမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင်ရွေးကောက်တင်မြှောက်ခံခဲ့ရသည့်အတွက်မြန်မာပြည်သူပြည်သားများ၏နှလုံးစိတ်ဝမ်း ချမ်း မြေ့နေကြပေသည်။
ကော့မှူးမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင်ရွေးကောက်တင်မြှောက်ခံခဲ့ရသည့်အတွက်မြန်မာပြည်သူပြည်သားများ၏နှလုံးစိတ်ဝမ်း ချမ်း မြေ့နေကြပေသည်။
သို့ရာတွင်
အကောင်းကို ဦးတည်နေသကဲ့သို့ အဆိုးသည်လည်း ထပ်ချပ်မကွာ ကပ်ပါလာပါသည်။
ယင်းမှာ ရွေ့ပြောင်းကျောင်းများ၏ အနာဂါတ်သည် မှုံဝါးဝါးဖြစ်လာခြင်းဖြစ်သည်။
အဘယ်ကြောင့် မှုန်ဝါး လာသနည်းဟုဆန်းစစ်ကြည့်ပါက ရွေ့ပြောင်းကျောင်းများ
အားထောက်ပံ့နေသော အလှူရှင်များ သည် ပြည်တွင်းသို့
ပြောင်းရွေ့ရန်ပြင်ဆင်နေခြင်း၊ သို့အတွက် ထောက်ပံ့ငွေများ လွန်မင်းစွာ
လျော့နည်းသွားခြင်း၊ ထိုင်းအစိုးရမှ ကျောင်းများ ထပ်မံတိုးပွားလာခြင်းကို
လုံးဝ တားမြစ် လိုက်ခြင်း၊ မြန်မာနိုင်ငံအနေနှင့် နေ့ချင်းညချင်း
ဒီမိုကရေစီအပြည့်အ၀ရရှိဖို့ဆိုခြင်းမှာ လုံးဝ မဖြစ်နိုင်သေး သည့်အပြင်
တိုင်းပြည်၏စီးပွားရေးသည် ယခင်အုပ်ချုပ်သူအဟောင်းများနှင့်ဆက်စပ်သူများ၏
လက်ထဲ တွင်သာ ရှိနေသေးသည့်အတွက် မရှိဆင်းရဲသားများ၏ဘ၀သည်
တိုးတက်လာခြင်းမရှိသေးသည့် အပြင် ပိုမိုဆိုးဝါးလာသည့်အတွက်
ရွေ့ပြောင်းကျောင်းသားများ၏ အရေအတွက်သည် လျော့နည်းသွားခြင်း မရှိပဲ
ပိုမိုသာ များပြားလာပါသည်။
ထိုသို့သောအချိန်တွင်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပခရီးသည်
ထိုင်းနိုင်ငံဖြစ်နေသည့် အပြင် မြန်မာ ပြည်သူပြည်သားအများစုရှိနေရာ
မဲဆောက်မြို့သို့ပါ လာရောက်မည်ဟု တရားဝင်ကြေညာလိုက်သည့်အခါ
ရွေ့ပြောင်းကျောင်းများ၏ အနာဂါတ်မျှော်လင့်ချက်ရောင်ခြည်သည်
ထွန်းလင်းတောက်ပလာချေပြီဟု ကျွန်တော်တို့ရွေ့ပြောင်းကျောင်းဆရာများမှ
ယုံကြည်မိပါသည်။ သို့ပါသော်လည်း ဦးစီးဦးဆောင်ပြုလုပ်မည့်
မဲဆောက်အခြေစိုက်ပညာရေးအဖွဲ့အစည်းကြီးများသည် ကြုံတောင့်ကြုံခဲ
အခွင့်အရေးကို လက်လွတ်မခံပဲ ရွေ့ပြောင်းကျောင်းများ၏ အခက်အခဲများကို
တင်ပြခြင်း၊ အကူအညီတောင်းခံခြင်း၊ မေတ္တာရပ်ခံခြင်းများကို
ပြုလုပ်ရန်သင့်သော်လည်း မည်သို့မှ ပြုလုပ်ခြင်းမရှိသည့် အပြင် မိမိတို့၏
ထင်ပေါ်ကျော်ကြားမှုရလိုခြင်းကိုသာ ရှေ့တန်းတင်ပြီး
မိမိတို့၏ကိုယ်ကျိုးစီးပွားကိုသာ
ဦးတည်သည့်လုပ်ရပ်များကိုပြုလုပ်ရန်ပြင်ဆင်နေကြသည်ကို ၀မ်းနည်းစွာ
တွေ့မြင်ရပါသည်။သို့အတွက် ဘ၀ တူကျောင်းများ စုစည်းကာ အစည်းအဝေးလုပ်သင့်
သည်ဟုယူဆပြီး သွေးသစ်ကျောင်း ၊နောင်ဘွားရွာ၊
ရပ်ကွက်(၇)၊မယ်ပအုပ်စု၊မဲဆောက်မြို့နယ်တွင် မေလ(၃၀)ရက်နေ့တွင်
အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ယင်းအစည်းအဝေးသို့ (၁)
ဆာမူတော်ကျောင်း(၂)လူဘောင်သစ်ကျောင်း(New
Society)(၃)မြန်မာအလုပ်သမားများသွေးစည်းညီညွတ်ရေးအဖွဲ့ကျောင်း(BLSO)(၄)Morning
Glory(၅)အာ
ကာဖီကျောင်း(၆)စေတနာကျောင်း(၇)ဧရာဝတီကျောင်း(၈)ပြည်ချစ်ကျောင်း(၉)မိုးမခကျောင်း
(၁၀)သွေး သစ်ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊
တာဝန်ခံဆရာ/ဆရာမများတက်ရောက်ခဲ့ကြ ပါသည်။
ယင်းအစည်းအဝေးမှဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံသို့
ရွေ့ပြောင်းကျောင်းသူကျောင်း သားများ၏အနာဂါတ်ပညာရေးနှင့် ပတ်သက်သည့်
အကြံပြုလွှာနှင့် အကူအညီတောင်းခံလွှာပေးပို့ရန် ဆုံးဖြတ်ကာ
ရွေ့ပြောင်းကျောင်းဆရာဆရာမများ အကြေအလည် ညှိနှိုင်းပြီးနောက် အောက်ပါအချက်
အလက်များပါ တင်ပြအကူအညီတောင်းခံလွှာကို ရေးသားပေး ပို့ရန် ဆုံးဖြတ်
ခဲ့ကြပါသည်။
ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ တင်ပြအကူအညီတောင်းခံသောအချက်များ
(၁)
ရွေ့ပြောင်းကျောင်းများတွင် ပညာဆည်းပူးပြီးနောက် မြန်မာနိုင်ငံသို့
ပြန်လည်ပြောင်းရွေ့သောကျောင်း သားများအား
ပြည်ထောင်စုအစိုးရကဖွင့်လှစ်ထားသောမည်သည့်ကျောင်းတွင်မဆို
ရွေ့ပြောင်းကျောင်းများ မှ ပေးအပ်သောပညာရည်အဆင့်အတိုင်း
ဆက်လက်ဆည်းပူးခွင့်ပြုရန်
( အနိမ့်ဆုံးအားဖြင့် ပညာအရည်အချင်းစစ်စာမေးပွဲများ ကျင်းပပြီး အောင်မြင်သည့်အဆင့်အတိုင်း ဆက် လက်ပညာဆည်းပူးခွင့်ပြုရန်)
(ရွေ့ပြောင်းကျောင်းသားများသည်လက်ရှိအခြေအနေတွင်ပညာရည်အဆင့်အတန်းမည်မျှပင်ရှိုသည်ဖြစ်စေ
ထိုင်းနိုင်ငံမှလည်းကောင်း၊ မြန်မာနိုင်ငံမှလည်းကောင်း
မည်သည့်အသိအမှတ်ပြုခြင်းကိုမှထုတ်ပေးခြင်းမရှိ)
(၂)
မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးသည့်
ထိုင်းနိုင်ငံရှိရွေ့ပြောင်းကျောင်းများတွင် ပညာဆက်လက်ဆည်းပူးနေဆဲ
မြန်မာတိုင်းရင်းသားကျောင်းသားများအတွက်ထိုင်းနိုင်ငံတော်အစိုးရမှ ယခု
ထက်ပိုမို စောင့်ရှောက်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်မှ
ကြားခံဆောင်ုရွက်ပေးပါရန်
(၃)ထိုင်းနိုင်ငံကျောင်းများမှ
ကျောင်းသားများနည်းတူ ရွေ့ပြောင်းကျောင်းများမှ ကျောင်းသူကျောင်းသားများ
ကိုလည်း ပညာရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆင်နွဲခွင့်ပြုရန်
(၄)
ယင်းကိစ္စရပ်များကို မြန်မာနိုင်ငံမှ ပညာရေးဆိုင်ရာတာဝန်ရှိသူများနှင့်ပါ
တရားဝင်ညှိနှိုင်းဆောင် ရွက်နိုင်ရန်ဒေါ်အောင်ဆန်းစုကြည်က
ုဦးစီးဦးဆောင်ပြုပေးပါရန်
(၅)
မြန်မာပြည်သင်ရိုးညွှန်းတမ်းနှင့်
ရွေ့ပြောင်းကျောင်းအသီးသီးတွင်သင်ကြားနေသော သင်ရိုးညွှန်းတမ်း
များကိုချိန်ကိုက်ညှိနှိုင်းပြီး
ရွေ့ပြောင်းကျောင်းများအတွက်အသင့်လျော်ဆုံးသင်ရိုးညွှန်းတမ်းဖြစ်ရေးအတွက်
ပြည်တွင်းမှ ပညာရှင်များ လာရောက်ညှိနှိုင်းဆောင်ရွက်ပေးပါရန်
(၆)
ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသများတွင်အနိမ့်ဆုံးအားဖြင့်
မူလတန်းကျောင်းများ၊ ထိုမှတဆင့် အလယ်တန်း ကျောင်းများလုံလောက်စွာ
ဖွင့်လှစ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်တွင် အမြန်
ဆုံးအဆိုပြုတင်သွင်းပေးပါရန်
(၇)
လက်ရှိရွေ့ပြောင်းကျောင်းများတွင် အနစ်နာခံပညာသင်ကြားပေးနေသော ဆရာဆရာမ
အသီးသီး အား
ပြည်တွင်းရှိပညာရေးဆိုင်ရာအဖွဲ့များနှင့်ပညာရေးဆိုင်ရာတာဝန်ရှိသူများက
အတိုင်းအတာ တစ်ခု အထိ အသိအမှတ်ပြုပေးပါရန်
(၈) ပြည်နယ်အားလုံးတွင် တိုင်းရင်းသားတက္ကသိုလ်များ (အနည်းဆုံးတစ်ခုစီ) အမြန်ဆုံးဖွင့်လှစ်ပေးရန် လွှတ်တော်တွင် အဆိုပြုတင်သွင်းပေးရန်
(၉)
ဥာဏ်ရည်နိမ့်ကျသော၊ အထက်တန်းပညာရေးဆက်လက်မဆည်းပူးလိုသော
ကျောင်းသားများအတွက် အလယ်တန်းအဆင့်
အသက်မွေးမှုသင်တန်းကျောင်းများဖွင့်လှစ်ပေးရန်
(၁၀)
ရွေ့ပြောင်းကျောင်းများသို့ ပံ့ပိုးကူညီနေသောအစိုးရမဟုတ်သော
အဖွဲ့အစည်းများနှင့်လူမှုဝန်းကျင် အထောက်အကူပြု အဖွဲ့အစည်းများအား
ရွေ့ပြောင်းကျောင်းများတည်ရှိနေသရွေ့ ဆက်လက်ကူညီဆောင် ရွက်ပေးပါရန်
ဒေါ်အောင်ဆန်းစုကြည်က ကူညီဆော်သြပေးပါရန်
ဟူ၍ ဖြစ်ပါသည်။
အစည်းအဝေးကို
ညနေ (၆) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက်
ယင်းတင်ပြအကူအညီတောင်းခံလွှာကို ဇွန်လ(၂)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်
မဲဆောက်သို့ ရောက်လာသည့်အခါ မယ်တော်ဆေးခန်းသို့ ၀င်
ရောက်ခြင်းမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လက်တွင်းသို့
တိုက်ရိုက်အပ်နှံနိုင်ခြင်း မရှိသော် လည်း တဆင့်ခံအဆက်အသွယ်ဖြင့်
ပေးပို့နိုင်ခဲ့ပါသည်။
No comments:
Post a Comment